ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်းများ စတင်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်းများ စတင်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ





ရန်ကုန်   ၊ ဇူလိုင် ၂၁


မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်း မိတ်ဆက်ခြင်းအခမ်းအနားကို ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ First Aid and Pre-hospital Emergency Care Delegate Mr. Andrew Mok ကအရေးပေါ်ရှေးဦးပြုစုခြင်း လုပ်ငန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် အသင်းဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်တင်တင်လေးက Trauma First Aid Kit များကို ထောက်ပံ့ပေးအပ်ခဲ့သည်။


အခမ်းအနားသို့ အသင်းဒုတိယဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်ပါမောက္ခ ဒေါက်တာ ဒေါ်ရီရီတင်၊ အချိန်ပိုင်းအလုပ်အမှု ဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မာလာဝင်းနှင့် ဒေါက်တာစိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဌေး၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် အရေးပေါ်ကုသမှုဆေးပညာဌာနပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာ ခိုင်ရွှေဝါ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးကျော်မြင့်အောင်နှင့်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၁၁)မြို့နယ်မှ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့်ကြက်ခြေနီ စေတနာ လုပ်အားရှင်များ တက်ရောက်ခဲ့ကြသည်။


မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် လူနာတင်ယာဥ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရေးပေါ်လူနာတင်ယာဥ်(၁၅)စီးကိုရွေးချယ်ပြီး GPS များ တပ်ဆင်ခြင်းများ၊ Command and Control Center ကိုတိုင်းဒေသကြီးရုံးတွင်ထားရှိပြီး ကွပ်ကဲခြင်းလုပ်ငန်းဆောင်ရွက်မှုအတွက် လိုအပ်သည့်ထောက်ပံ့ကူညီပေးခြင်းစသည့် လုပ်ငန်းများစတင်ဆောင်ရွက်သည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားကို ပြုလုပ်ခြင်းဖြစ်သည်။


ရပ်ရွာလူထုမှ ကြက်ခြေနီအရေးပေါ်လူနာတင်ယာဥ် အကူအညီ လိုအပ်သည့်အချိန်တွင် စနစ် တကျထွက်ခွာရန်၊ မှန်ကန်သည့် ပြုစုစောင့်ရှောက်မှုများကိုပေးနိုင်ရန် ရည်ရွယ်ကာ အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်သည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)