တာမွေ ၊ ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ပညာရေးဌာနမှ စီစဉ်ကျင်းပသော (၇၇)နှစ် မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက် တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား/သူများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။
အဆိုပါပြိုင်ပွဲများ ကျင်းပရာတွင် ပြိုင်ပွဲများမစတင်မီ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ကဏ္ဍအလိုက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပ ခဲ့သည်။ အဆိုပါ (၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပပြုလုပ်သည့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ထူးချွန်ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းနှင့် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား အသိဥာဏ်ပညာ ဗဟုသုတပြည့်စုံ ကြွယ်ဝသော ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ အားလပ်ချိန်တွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေး၊ ကျောင်းသား/သူလေးများ၏ ကာယ၊ ဉာဏနှင့် တီထွင်ဖန်တီးမှုစွမ်းရည်များ တိုးတက်မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရေး၊ အာတနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိပြီး မျိုးဆက်သစ် ကျောင်းသား/သူ လေးများ၏ နှလုံးသားတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံနှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား ဆောင် ရွက်ခဲ့မှုများကို မမေ့မလျော့ မှတ်မှတ်ရရရှိစေရန်နှင့် အာဇာနည်တစ်ဦးချင်းစီ၏ လေးစားအားကျ အတုယူစရာ အချက်များကို သိရှိနားလည်ပြီး ၎င်းတို့ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အလေးထားတန်ဖိုးထားသည့်စိတ်၊ အမိနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပေါက်ဖွားရင့်သန်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်း များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment