ပြည်မြို့၌ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများပေးအပ်




ပြည်၊ ဇူလိုင် ၁၆

ပြည်မြို့နယ်တွင် ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော မြေနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများဖြစ်သည့် နဝင်းနယ်မြေ နဝင်းရပ်ကွက်၊ ရွှေပလ္လင်မှော်အောက်ချိုင့်၊ ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းကျေးရွာနှင့် အနောက်လက်ခုပ်ပင်ကျေးရွာတို့၌ ကယ်ဆယ်ရေးစခန်း ၅ခုသို့ ရွှေ့ပြောင်းခဲ့ရသော ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယနေ့မွန်းတည့် ၁၂နာရီတွင် ပြည်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်သော ခရိုင်နှင့်မြို့နယ် သဘာဝဘေးကော်မတီဝင်များအဖွဲ့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် ပြည်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုနှင့် ခရိုင်နှင့်မြို့နယ် သဘာဝဘေးကော်မတီဝင်များအဖွဲ့က အဆိုပါကယ်ဆယ်ရေးစခန်း ၅ခုသို့ ရွှေ့ပြောင်းခဲ့သော အိမ်ထောင်စု ၂၇၆ စုမှ လူဦးရေ ၁၁၆၇ ဦးအတွက် ၂ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၄၉၀၁၄၀၀ အား ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်းနှင့် လက်ရှိ ပြည်မြို့တွင် ဧရာဝတီမြစ်ရေသည် ၂၉၃၆ စင်တီမီတာ (၉၆ပေ၊ ၂လက်မ) ရှိနေပြီး  ပြည်မြို့၏စိုးရိမ်ရေအမှတ် ၂၉၀၀ စင်တီမီတာ (၉၅)ပေအထက် ၁ပေနှင့်၂လက်မခန့် ကျော်လွန်မြင့်တက်လျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းလွဲ ၂ နာရီအချိန် တိုင်းထွာထုတ်ပြန်ချက်အရ သိရသည်။


ကိုဆက် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)