ဝါဆိုလပြည့်နေ့ ( ဓမ္မစက်ြာအခါ‌တော်နေ့ ) တွင်ပေါင်မြို့နယ် ၌ ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ စည်ကားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါဆိုလပြည့်နေ့ ( ဓမ္မစက်ြာအခါ‌တော်နေ့ ) တွင်ပေါင်မြို့နယ် ၌ ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ စည်ကားလျက်ရှိ





ပေါင်၊ ဇူလိုင် ၂၀   

ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါလပြည့်နေ့ ( ဓမ္မစက်ြာအခါတော်နေ့) ဇူလိုင်လ ( ၂၀ ) ရက်နေ့တွင်  မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဝါဆိုသင်္ကန်းကပ်သူများ ဘုရားဖူးသူများ ၊ ရပ်ဝေး၊ရပ်နီးမှ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့ ရောက်တိုင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်  ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ခြင်း၊ လူငယ်များကလည်း အများပြည်သူသွားလာရာနေရာများတွင် မွန်ရိုးရာဝတ်စုံများ ဝတ်ဆင်၍ ဝါဆိုပန်းများ အမွှေးနံ့သာများ ဆပ်ကပ်လှူဒါန်းနိုင်ရန် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ နေရာအများစုတွင် ဒေသခံပြည်သူများမှလည်း မွန်ရိုးရာအစားအသောက်များဖြင့် ဘုရားဖူးလာသည့် ဧည့်သည်များအား စေတနာထက်သန်စွာဖြင့်  စတုဒိသာ များဖြင့် ကျွေးမွေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် ပေါင်မြို့နယ်အတွင်းရှိ ကျောက်သင်္ဘောဘုရား၊ ဇင်းကျိုက်ရေတံခွန်နှင့်ဆင်ရွာ ရေတံခွန် တို့တွင်လည်း ရပ်ဝေးရပ်နီးမှ ဧည့်သည်တော်များက ဘုရားဖူးပြီးအပြန် ရေကစားကြသူများဖြင့်စည်ကားကြလျက်ရှိကြောင်းသိရသည်။


မွန်မလေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)