ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ မဟာမိတ်၃ဖွဲ့အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့တွေက ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကို အစွဲပြုပြီး (၁၀၂၇)စစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ သူတို့တွေကို မြန်မာပြည်သူများက မျောက်သုံးကောင်လို့ သတ်မှတ်ထားပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်တွေမှာ တရုတ်ရဲ့ လိုလားချက်ဖြစ်တဲ့ အွန်လိုင်း ကျားဖြန့်ဂိုဏ်းများနှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ထားပေးမယ့် တရုတ်ရဲ့ လိုလားချက်ကို အကြောင်းပြုပြီး အနောက်အုပ်စုရဲ့ သြဇာခံ NUG, PDF အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူလူထု အတိဒုက္ခရောက်အောင် လုပ်ခဲ့သည့်အပြင် ပြည်သူ အများစု လက်မခံနိုင်တဲ့ ဘာသာရေးစော်ကားမှုများကိုလည်း ရိုင်းစိုင်းစွာ လုပ်ဆောင်ခဲ့ကြပါတယ်။
MNDAA, TNLA တို့ရဲ့ လုပ်ရပ်ကို တိုင်းရင်းသားပြည်သူများကသာမက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် တရုတ်လူမျိုးကပင် လက်မခံနိုင်ကြပါဘူး။ တပ်မတော်က MNDAA အကြမ်းဖက်အဖွဲ့ကို လေကြောင်းကနေ သွားရောက်နှိမ်နင်းနေမှုအပေါ် တရုတ်အမျိုးသမီးတစ်ဦးက "သူတို့တွေက ဘာသာ သာသနာကို ဖျက်ဆီးတဲ့ ကောင်တွေကို သွားနှိမ်နင်းနေတာ။ ငါတို့လည်း တရုတ်ပါ။ ဗုဒ္ဓဘာသာ တရုတ်။ အဲဒီလိုမျိုး စော်ကားတာကိုတော့ လက်ခံဘူး။ တရုတ်ချင်း မတူဘူးလို့" ပြောဆိုထားတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။
အခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအနေနဲ့ MNDAA, TNLA က ထပ်မံတိုက်ခိုက်မှုတွေ လုပ်ဆောင်လာရာမှာတော့ အစိုးရကလည်း MNDAA, TNLA အကြမ်းဖက်အဖွဲ့တွေကို ပြင်းပြင်းထန်နှိမ်နင်းဆောင်ရွက်နေရပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လားရှိုးမှာရှိတဲ့ တရုတ်ဘုံကျောင်းတစ်ခု ပျက်စီးခဲ့ရသလို စစ်ရှောင်ပြည်သူများကို အဓမ္မတပ်သားစုဆောင်းတယ်။ ဘိန်းကျွေးပြီး စစ်တိုက်ခိုင်းနေတယ်။ ဗမာမုန်းတီးရေးဝါဒဖြန့်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ MNDAA, TNLA က တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား ခလောက်ဆန်ပြီး အနောက်အုပ်စုရဲ့ သြဇာခံ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF နဲ့ မဟာမိတ်လုပ်ပြီး အကြမ်းဖက်လှုပ်ရှားမှု နယ်မြေချဲ့လာတယ်။ NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေကို သူတို့နယ်မြေထဲ ခေါ်သွင်းတာမျိုးတွေ ဖြစ်လာတယ်။
MNDAA အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့်စာတွေမှာ တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား ဘယ်လောက်အထိ အတင့်ရဲစွာ ခလောက်ဆန်လာသလဲဆိုရင် လားရှိုး၊ မူဆယ်ကို သိမ်းယူပြီး တရုတ်အစိုးရနဲ့ မြန်မာအစိုးရရဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်မယ်။ တရုတ်အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံစရာမလိုဘဲ သူတို့နဲ့သာ ဆက်ဆံရမယ်ဆိုတဲ့ မြန်မာ - တရုတ်အကြား ခလောက်ဆန်နေတာကို တွေ့မြင်လာရပါတယ်။
တရုတ်အစိုးရအနေနဲ့လည်း MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များက တရုတ်ရဲ့ အကူအညီကို ရယူပြီး အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို လုပ်နေသလား မြန်မာ - တရုတ်နှစ်နိုင်အကြား ခလောက်ဆန်ပြီး အနောက်အုပ်စုရဲ့ သြဇာခံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေသလားဆိုတာကို သိမြင်နားလည်လောက်ပြီလို့ ထင်ပါတယ်။ ဒေသခံပြည်သူလူထုအပေါ် ထောက်ထားညှာတာမှုမရှိတဲ့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေအတွင်းမှာ မြန်မာတိုင်းရင်းသားပြည်သူတွေ အတိဒုက္ခရောက်ရသလို အဲဒီအရပ်ဒေသမှာရှိတဲ့ တရုတ်လူမျိုးတွေလည်း အတိဒုက္ခရောက်ရရုံမျှမက MNDAA အကြမ်းဖက်အဖွဲ့က အဓမ္မတပ်သားသစ်စုဆောင်းတဲ့အထဲ လိုက်ပါတာဝန်ထမ်းဆောင်နေကြရတာပဲ ဖြစ်ပါတယ်။
MNDAA အကြမ်းဖက်အဖွဲ့က တရုတ်အစိုးရအနေနဲ့ သူတို့နဲ့သာ ဆက်ဆံရမယ်၊ မြန်မာအစိုးရနဲ့ ဆက်ဆံရေးဖြတ်တောက်ရမယ် ဆိုတဲ့ ဝါဒဖြန့်စာအပေါ်မှာ တရုတ်လူမျိုးတွေရဲ့ မှတ်ချက်တွေပေးထားတာလည်း တွေ့ရပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့်စာအပေါ် တုန့်ပြန်ထားသူတစ်ဦးက MNDAA ဦးဆောင်တဲ့ မဟာမိတ် ၃ဖွဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို လုံးဝထည့်မတွက်တဲ့အပြင် နိုင်ငံတကာဆက်ဆံရေး အခြေခံသဘောတရားကိုပင် သိမြင်မှု အားနည်းတာကို တွေ့မြင်လာရကြောင်း၊ MNDAA ဦးဆောင်တဲ့ မဟာမိတ် ၃ဖွဲ့ဟာ မူဆယ်ကို သိမ်းပိုက်ပြီး မြန်မာ - တရုတ်ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ကြိုးစားလာရင် မဟာမိတ် ၃ဖွဲ့ကို အဆုံးသတ်ပစ်သင့်ကြောင်း သုံးသပ်ရေးသားထားတာကို တွေ့မြင်ရပါတယ်။
မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ရဲ့ နိုင်ငံတကာဆက်ဆံရေးအပေါ် အခြေခံသိမြင်မှု အားနည်းချက်ကို ထောက်ရှုပြီး အစိုးရမည်သို့ပင် ပြောင်းလဲစေကာမူ သံတမန်ရေး၊ ကုန်သွယ်မှု၊ စီးပွားရေးနှင့် အခြေခံဆက်ဆံရေး အပြောင်းအလဲများစွာ မရှိပါဘူး။ ထိုင်းနိုင်ငံ၊ ပါကစ္စတန်တို့မှာလည်း အစိုးရအပြောင်းအလဲ များစွာ ဖြစ်ခဲ့ပေမယ့် တရုန်နဲ့ ဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်မှုအပိုင်းမှာ များစွာ ပြောင်းလဲမှု မရှိခဲ့သလိုပဲ မြန်မာ - တရုတ် နှစ်နိုင်ငံမှာလည်း ထိုနည်းတူစွာပဲ ဖြစ်တယ်ဆိုတာကို သုံးသပ်တင်ပြထားပါတယ်။
MNDAA ဦးဆောင်တဲ့ မဟာမိတ် ၃ဖွဲ့က မူဆယ်ကို သိမ်းပိုက်ဖို့ ကြိုးစားလာပြီဆိုရင်တော့ သေချာတယ် မြန်မာ - တရုတ် နှစ်နိုင်ငံ ဆယ်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်တာဖြစ်လို့ ခြိမ်းခြောက်မှု ကြီးမားတဲ့ လုပ်ရပ်အဖြစ် ရှုမြင်လာကြပါတယ်။ MNDAA ဦးဆောင်တဲ့ မဟာမိတ်များက မြောက်ပိုင်းကို သိမ်းပိုက်ပြီး ပိတ်ဆို့ထားမယ်ဆိုရင် ငတ်သေမှာတော့မဟုတ်ပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုလုပ်မလဲဆိုတာ မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။ တရုတ်ပြည်သည်လည်း ပိတ်ဆို့ထားပြီး ဖွံ့ဖြိုးတိုးတက်လာတာ မဟုတ်ဘူး။ ပြုပြင်ပြောင်းလဲရေးနဲ့ လမ်းဖွင့်ပြီး ဖွံ့ဖြိုးတိုးတက်လာတာကို စံနမူနာထား ပြောဆိုလာကြပါတယ်။
MNDAA, TNLA အကြမ်းဖက်အဖွဲ့တွေက ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေရာမှာ လမ်းတွေကို ဖျက်ဆီး၊ တံတားတွေကို ဖျက်ဆီးပြီး ဆက်သွယ်ရေးဖြတ်တောက်တဲ့ လုပ်ရပ်တွေအပေါ် တရုတ်တွေရဲ့ အမြင်မှာ ကလေးဆန်ပြီး အတွေးအခေါ်ဉာဏ်ရည်မမီတဲ့ လုပ်ရပ်တွေဖြစ်နေတာကို ထောက်ပြလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာ - တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားအောင်လုပ်ပြီး စစ်ဘုရင်ဝါဒကို ထူထောင်လိုပေမယ့် ဉာဏ်ရည်မမီဘူး ဖြစ်နေတာကို ထောက်ပြပြောဆိုလာကြပါတယ်။
MNDAA ဦးဆောင်တဲ့ မဟာမိတ် ၃ဖွဲ့ဟာ ပြည်သူလူထုကြုံတွေ့ရနိုင်တဲ့ စားဝတ်နေရေး ပြဿနာကို လုံးဝထည့်သွင်းမစဉ်းဘဲ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုဆုံးရှုံးရုံသာမက တရုတ်နိုင်ငံအပေါ်မှာလည်း မြန်မာနိုင်ငံသားများက အထင်အမြင်လွဲမှားနိုင်တာကို သုံးသပ်ပြောဆိုထားပါတယ်။ မဟာမိတ် ၃ဖွဲ့လို့ အမည်ခံထားတဲ့ MNDAA, TNLA, AA အဖွဲ့တွေဟာ လူတွေရဲ့ စားဝတ်နေရေးဆိုတာကိုမှ သိကြသေးရဲ့လားလို့ မေးခွန်းထုတ်ထားပါတယ်။ လားရှိုးမြို့ကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားနေတဲ့ MNDAA အနေနဲ့ လားရှိုးက ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ထည့်သွင်းမစဉ်းစားတာတော့ အောက်တန်းကျတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ပါတယ်။
တကယ်တော့ MNDAA ဦးဆောင်တဲ့ မဟာမိတ် ၃ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်စဉ်ကတည်းက ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ သူတို့လူတွေကို မိုင်းလားမှာ တိမ်းရှောင်ခိုင်းပြီး မဆိုင်တဲ့သူတွေကို ဖမ်းဆီးကာ တရုတ်ဘက်ကို အပ်ပေးခဲ့တဲ့ လုပ်ရပ်မျိုးတွေလည်း ရှိခဲ့ပါတယ်။ ကျားဖြန့်လုပ်ငန်းတွေမှာ အစိုးရက ပါဝင်ပတ်သက်နေသယောင် တရုတ်အစိုးရဘက်ကို နားပေါက်အောင် ခလောက်ဆန်ပြီး မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေမှုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျစွာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေအပေါ်မှာ ယခင်အစိုးရလက်ထက်က အလေးထားမှု အားနည်းခဲ့လို့ ကြီးထွားလာခဲ့တာကို နစကအစိုးရ အပြုသဘောဆန်ဆန် ပူးပေါင်းနှိမ်နင်းဆောင်ရွက်ပေးခဲ့ပါတယ်။ တဖက်မှာ နိုင်ငံရေးပြဿနာများ ရှုပ်ထွေးနေချိန် ဒေသအာဏာပိုင်တချို့ ပါဝင်ပတ်သက်နေတာကို အခွင့်ကောင်းယူပြီး MNDAA က တရုတ် - မြန်မာ ဆက်ဆံရေးမှာ ခလောက်ဆန်ဖို့ အခွင့်ကောင်းရသွားခဲ့တဲ့ သဘောတွေလည်း ပါဝင်နေပါတယ်။
MNDAA အကြမ်းဖက်အဖွဲ့ရဲ့ ဝါဒဖြန့်ဆောင်းပါးက တရုတ်အစိုးရအနေနဲ့ သူတို့နဲ့သာ ဆက်ဆံရမယ်လို့ ကြုံးသွင်းထားတာမျိုး တုန့်ပြန်သူက MNDAA က တရုတ်ရဲ့ အကျိုးစီးပွားအတွက် ထောက်ရှုဆင်ခြင်တာမျိုးမရှိဘူး။ MNDAA ရဲ့ လုပ်ရပ်တွေကို ဆက်လက်သည်းခံနေရင် အမှားကြီးမှားမယ်ဆိုတဲ့ သုံးသပ်ထားတာကို တွေ့ရပါတယ်။ လောက်ကိုင်ကို သိမ်းပိုက်ထားတယ်လို့ ပြောပေမယ့် ကိုယ့်ရဲ့အရည်အချင်း ဘယ်လောက်ရှိလဲ မသိဘူး။ လားရှိုးမြို့ကို တိုက်ခိုက်ပေမယ့် MNDAA မှာ လက်နက်ခဲယမ်း မရှိတော့ဘူး။ ဝယ်စရာလည်း နေရာမရှိတော့ဘူး။
MNDAA အကြမ်းဖက်အဖွဲ့ဟာ တရုတ်ကို လှည့်စားပြီး G to G ဆက်ဆံရေး ဖြတ်တောက်ဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေကို လေ့လာသုံးသပ်သူက ရယ်စရာအဖြစ် ရှုမြင်ပြီး ဓားပြအဖွဲ့ခေါင်းဆောင်တွေက ကိုယ့်ကိုယ်ကို စစ်ဗိုလ်ချုပ်လို့ စိတ်ကြီးဝင်နေတာလို့ သရော်ထားပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက် ဒေသခံပြည်သူတွေကို အတိဒုက္ခရောက်အောင် ကြိုးကွင်းစွပ်သူတွေ၊ ပြည်သူလူထုရဲ့ သဘောထားကို ဘာမျှထည့်သွင်းစဉ်းစားခြင်း မရှိသူတွေအဖြစ် ထောက်ပြထားပါတယ်။
MNDAA အကြမ်းအဖွဲ့ရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုဟာ မြန်မာပြည်သူများက တရုတ်အပေါ် နာကျည်းမုန်းတီးအောင် ဖန်တီးခြင်းမျိုးဖြစ်ပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဦးတည်ချက်များကိုပါ ထိန်းချုပ်ချင်တဲ့ လုပ်ရပ်မျိုးဖြစ်နေပါတယ်။ MNDAA အဖွဲ့က လားရှိုးမြို့ကို တိုက်ခိုက်လာချိန်မှာတော့ ကိုးကန့်များကပါ ကိုးကန့်လူမျိုးများကို MNDAA ထဲ စွဲမထည့်ပါနဲ့။ ကိုးကန့်တွေကလည်း မင်းတို့ခွေးတွေကို မုန်းတီးနေပြီဆိုတဲ့ အသံမျိုးထွက်လာခဲ့ပါတယ်။ တရုတ် - မြန်မာ ဆက်ဆံရေး၊ ဆက်သွယ်ရေးကို ဖြတ်တောက်ရင် ငတ်သေကုန်လိမ့်မယ်လို့ ထောက်ပြပြောဆိုထားပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ ဒေသမှာ စားနပ်ရိက္ခာဖူးလုံမှုဟာ ၅၀ ရာခိုင်နှုန်းကျော်ပဲ ရှိပြီး မြန်မာနိုင်ငံဘက်က စားသောက်ကုန်၊ တရုတ်နိုင်ငံဘက်က စားသောက်ကုန်မရရင် သစ်ခေါက်ခွါစားပြီး နေကြရလိမ့်မယ်လို့ ဆိုပါတယ်။
တပ်မတော်အနေနဲ့ လောက်ကိုင်ကိုသာ Su-30 သုံးပြီး ပေါင် ၅၀၀ ဗုံးတွေ ပစ်ချမယ်ဆိုရင် MNDAA ခေါင်းဆောင်တွေလည်း ငရဲဆိုတာ ဘာလဲ သိကုန်ကြလိမ့်မယ်။ တပ်မတော်က ပြည်သူတွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားနေတဲ့ အခြေအနေကြောင့် မလုပ်သေးတာကို နားမလည်ဘဲ စိတ်ကြီးဝင်နေတဲ့ MNDAA ဦးဆောင်သူတွေ သိမြင်အောင် ထောက်ပြပြောဆိုနေကြပါပြီ။
MNDAA ရဲ့ ဝါဒဖြန့်ဆောင်းပါးအပေါ် မှတ်ချက်ပေးသူတချို့က MNDAA ဟာ အပြစ်မဲ့ ပြည်သူတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုပြီး စစ်ပွဲဖန်တီးနေတာ၊ MNDAA က ပြည်သူတွေကို စစ်သားအဖြစ် ခိုင်းစေဖို့ ဖမ်းဆီးနေတာ၊ MNDAA ဦးဆောင်သူများရဲ့ မိသားစုတွေဟာ မိုင်းလားမှာ ဇိမ်ယစ်နေကြပြီး ပြည်သူတွေရဲ့ သားသမီးတွေကို စစ်မြေပြင်ထဲ တွန်းပို့နေတာတွေကိုလည်း ထောက်ပြ ပြောဆိုလာကြပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့က မြောက်ပိုင်းမဟာမိတ်အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နစ်နာဆုံးရှုံးရတဲ့ အခြေအနေ၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ အတိဒုက္ခရောက်နေရတဲ့ အခြေအနေများကို ထောက်ရှုပြီး ရဟန်းရှင်လူပြည်သူများ တောင်းဆိုနေသည့်အတိုင်း ပြတ်သားစွာ လုပ်ဆောင်ရတော့မယ့် ကာလဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကလည်း MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့များဟာ တရုတ်ရဲ့ ကျားဖြန့်နှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်သယောင် ဟန်ရေးပြခဲ့ပြီး အနောက်အုပ်စုရဲ့ သြဇာခံ NUG အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ပြီး တရုတ် - မြန်မာ ဆက်ဆံရေးကြား ခလောက်ဆန်ပြီး နှစ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခဲ့ကြတယ်။ မြန်မာပြည်သူများ တရုတ်အစိုးရအပေါ် အထင်လွဲ အမြင်မှားဖြစ်အောင် ဖန်တီးလုပ်ဆောင်လာကြတယ်။ ဒီအခြေအနေတွေကို ထောက်ရှုပြီး MNDAA, TNLA, AA တို့ကို နှိမ်နင်းရာမှာ တပ်မတော်ကို ကူညီဆောင်ရွက်ပေးသင့်တဲ့ အချိန်အခါဖြစ်ပါတယ်။
ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ရှေးရှုတယ်ဆိုရင် မြောက်ပိုင်းမဟာမိတ်အမည်ခံ အဖွဲ့များက ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထောက်ထားခြင်းမရှိ၊ အများပြည်သူ လက်မခံနိုင်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့အပေါ်မှာ တရုတ်အစိုးရ (သို့မဟုတ်) အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေနဲ့ ပတ်သက်ဆက်နွယ်ခြင်း မပြုဖို့ အလေးထားဆင်ခြင်သင့်တဲ့ အခြေအနေဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment