မြဝတီမြို့၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ



မြဝတီ၊ ဇူလိုင် ၁၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ သိရှိနိုင်စေရန်အတွက် ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက အမှတ်(၄)ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်ပြည်သူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများကို ဦးစွာရှင်းလင်းပေးပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်း ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများနှင့် ပြည်သူ့စစ်မှုထမ်းသက်ဆိုင်သည့် လုပ်ငန်းတာဝန်များ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးထူးထက်အောင်က ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေများမှ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေအကြောင်းအရာတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်ကြသည့် ပြည်သူများက သိရှိလိုသည့်အချက်များ မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းပေးပြီး “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)