လားရှိုးမြို့မှာ သိကျွမ်းခင်မင်တဲ့ မိတ်ဆွေတွေ ရှိပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုများမှာကတည်းက ညီရင်းအစ်ကိုပမာ ခင်မင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ လားရှိုးမြို့မှာ တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့အချိန် သူတို့ ဖုန်းတွေကို ဆက်သွယ်ကြည့်တော့ ဖုန်းတွေက ခေါ်မရပါဘူး။ တိမ်းကြ ရှောင်ကြနဲ့ မြို့ပေါ်မှာ ရှိကြသေးရဲ့လား။ လားရှိုးက ဆရာတော်တစ်ပါးနဲ့တော့ အဆက်အသွယ် မပြတ်ရနေပါတယ်။ ဆရာတော်တွေမှာလည်း တပ်မတော်က ပစ်ခတ်နှိမ်နင်းတာမျိုး အသံမကြားရရင် စိုးရိမ်နေကြတယ်။ တပ်မတော်က တရစပ်နှိမ်နင်းပေးနေမှကို စိတ်ဖြေသာရာ ရတယ်။ တပ်မတော်က နှိမ်နင်းမှုမရှိရင် လားရှိုးမြို့ထဲ အကြမ်းဖက်သမားတွေက ဝင်ရောက်ဖျက်ဆီးကြတော့မှာကို စိုးရိမ်ကြခြင်းဖြစ်ပါတယ်။ သံဃာတော်တွေအတွက်သာမက အများပြည်သူအတွက် စိုးရိမ်နေကြရခြင်းဖြစ်ပါတယ်။
ဒီကနေ့ (၂၂-၇-၂၀၂၄) ရက်နေ့ည မှာ ဆက်သွယ်လို့မရတဲ့ လားရှိုးက မိတ်ဆွေတစ်ယောက်က ဖုန်းဆက်လာတော့ အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းကြည့်တယ်။ မိသားစုပါ ခေါ်ပြီး တိမ်းရှောင်လာကြရပြီ။ မြို့ပေါ်မှာ ရှိတဲ့အိမ်လည်း ကုန်ပြီ။ တခြားမှာ ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီစဉ်နေရတယ်ဆိုတာကို စိတ်မချမ်းမြေ့ဖွယ် ပြောဆိုလာပါတယ်။
သူက တဖန် ခင်ဗျားတို့ဆီက ဘာသတင်းထူးများ ကြားရမလဲလို့ လှမ်းဆက်ကြည့်တာလို့ မေးလာတော့ အခု MNDAA, TNLA တို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကလည်း ဖိဖိစီးစီးလုပ်ဆောင်နေတဲ့ သတင်းစကားမျိုးတော့ ကြားရတယ်။ ဒေသအာဏာပိုင်တွေ ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာတော့ မသိနိုင်ဘူး။ နောက်တစ်ချက်အနေနဲ့က တရုတ်ဘက်ကလည်း MNDAA ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မနှစ်မြို့တဲ့ သဘော တုန့်ပြန်ရေးသားလာတာတွေ တွေ့မြင်လာရတယ်။ MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ လုပ်ရပ်ဟာ ဒေသခံပြည်သူထုရဲ့ အခြေအနေကို ဘာမှ ထည့်သွင်းစဉ်းစားခြင်း မရှိတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်မှုတွေလည်း ရှိလာတယ်။ အစိုးရနှစ်ရပ်လည်း ဆွေးနွေးဆောင်ရွက်မှုတွေ ရှိတယ်။ ၁၀၂၇ စစ်ဆင်ရေးလို့ စတင်ကြေညာ တိုက်ခိုက်တုန်းကတော့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ရဲ့ နောက်မှာ တရုတ်ပယောဂ ရှိနေပေမယ့် ဒီတချီတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာကိုတော့ တရုတ်ကလည်း လက်မခံတဲ့သဘောမျိုး ပြသနေတယ်လို့ ယူဆရပါတယ်။ MNDAA က အစိုးရနှစ်ရပ် ဆက်ဆံရေး ဖြတ်တောက်ပြီး တရုတ်အစိုးရအနေနဲ့ သူတို့နဲ့သာ ဆက်ဆံရမယ်ဆိုသည်အထိ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဦးတည်ချက်တွေကိုပါ ထိန်းချုပ်လိုတဲ့ သဘောမျိုး ဝါဒဖြန့်လာတဲ့အပေါ်မှာ လက်မခံနိုင်ကြောင်း တုန့်ပြန်မှုတွေလည်း တွေ့လာရပါတယ်။ သဘောအားဖြင့် အစိုးရနှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုလည်း ရှိနေတော့ နှိမ်နင်းဆောင်ရွက်တာကတော့ ဆက်လက်လုပ်ဆောင်နေမှာပဲ။ ဒီဘက်ကလည်း အဲဒီလောက်ပဲ သိရမယ်လို့ ပြောပြလိုက်ပါတယ်။
လားရှိုးမြို့ခံ မိတ်ဆွေက ကျွန်တော်တို့ကလည်း ပြောချင်တာပေါ့ဗျာ။ ဒီကောင်တွေက လူလုပ်စက်များ ရှိနေသလား မသိပါဘူး။ အခု လားရှိုးမြို့ထဲကို အတော်များများ စိမ့်ဝင်နေပြီ။ ကျွန်တော်တို့မှ မဟုတ်ဘူးဗျာ။ တပ်မတော်ကို ဆယ့်နှစ်ရာသီ ဖောင်းထုနေတဲ့ လားရှိုးမြို့က နီပိန်းတွေတောင် ဟိုအကောင်တွေရဲ့ အခုလို လုပ်ရပ်မျိုးတွေကို လက်မခံနိုင်ကြတော့ဘူး။ တပ်မတော်ကို ပြတ်ပြတ်သားသား စော်စေချင်တဲ့ အသံတွေ ထွက်လာပြီ။ ကျွန်တော်တို့ မြို့ကထွက်လာတော့ ဟိုကောင်တွေလက်က လွတ်လာတယ်။ တချို့ အသိမိတ်ဆွေတွေ ဟိုအကောင်တွေနဲ့ တည့်တည့်တိုးတယ်လို့ ပြောကြတယ်။ မရတော့ဘူးဗျ။ ကျွန်တော်တို့ တောင်းဆိုချင်တာကတော့ လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ပေးပါ။ အခုလည်း ဘာမှမရှိတော့ဘူးဗျာ။ မြေကျန်ရင် ရပြီ။ အပြတ်ရှင်းလင်းပေးဖို့ တောင်းဆိုချင်တာပါ။ သတင်းထူးခြားတာလေးတွေ ရှိရင်လည်း လှမ်းပြောပေးပါ လို့ ပြောဆိုသွားတယ်။
လားရှိုးမြို့နေပြည်သူများရဲ့ အသံက တသံတည်း ထွက်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာကို တွယ်တာမက်မောတဲ့ အမျိုးသမီးများကပါ MNDAA, TNLA အကြမ်းဖက်အဖွဲ့တွေ ဖန်တီးတဲ့ စစ်ပွဲတွေအတွင်းမှာ ကြုံတွေ့ခံစားခဲ့ရတဲ့ သောကတွေအတွက် ဖြေဆေးကတော့ မြေကျန်ရင်ရပြီ။ ပြတ်ပြတ်သားသား နှိမ်နင်းပေးပါ ဆိုတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ မီဒီယာသမားများသည် အစိုးရနဲ့ ပြည်သူကြားက ပေါင်းကူးပါပဲ။ ပြည်သူတွေ လိုအပ်ချက် ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို တာဝန်ရှိသူများ သိအောင် ပြောဆိုရေးသား တင်ပြရမယ့် တာဝန်ဟာ ကျွန်တော်တို့ တာဝန်ပါ။ တပ်မတော်ကို အချိန်ပြည့် ဖောင်းထုနေတဲ့ နီပိန်းတွေတောင် အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တော့တဲ့ အသံထွက်လာပြီ။ MNDAA ဦးဆောင်တဲ့ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့များဟာ အများပြည်သူ ရိုသေသမှုပြုတဲ့ ဘာသာရေးအပေါ်မှာလည်း ပျက်ရယ်ပြုစော်ကားတယ်။ ၁၀၂၇ ပထမအကျော့မှာလည်း စေတီတော်ကို ဖျက်ဆီးတာ၊ ဗုဒ္ဓဆင်းတုတော်တွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြတယ်။ အခု ၁၀၂၇ ဒုတိယအကျော့ ၂၈ ရက်မြောက်နေ့ (၂၂-၇-၂၀၂၄ ရက်နေ့မှာလည်း စေတီတော်ပေါ်ကို MNDAA အကြမ်းဖက်သမားက စစ်ဖိနပ်နဲ့ တက်ပြီး မဖွယ်မရာ လုပ်ပြနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တဖက်မှာ တရုတ်ကို ကျောထောက်နောက်ခံ ပြုထားသည်ဆိုစေအုံးတော့ သူတို့ရဲဲဲဲ့ လက်ချက်နဲ့ လားရှိုးက တရုတ်ဘုရားကျောင်း ပျက်စီးသွားခဲ့ရပြီ။ အဲဒီဒေသမှာ ရှိတဲ့ တရုတ်တွေကိုလည်း သူတို့စစ်သားအဖြစ် အဓမ္မခေါ်ဆောင်တာတွေ လုပ်နေတယ်။ ဗမာမုန်းတီးရေး ဝါဒဖြန့်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေက ဗမာလူငယ်၊ ရှမ်းလူငယ်တွေကိုလည်း သူတို့စစ်သားများအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေ လုပ်ခဲ့ကြတယ်။
MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ရဲ့ လုပ်ရပ်ကြောင့် မြန်မာပြည်အတွက် ဆုံးရှုံးနစ်နာမှုကတော့ ရေတွက်လို့ မရအောင် ဆုံးရှုံးခဲ့ရပါတယ်။ တရုတ်အတွက်ရော ဘာတွေ ကောင်းကျိုးရလာဒ် ရှိပါသလဲ။ တရုတ်ဘက်က ကုန်စည်တွေ မြန်မာပြည်ဘက် မပို့နိုင်၊ မြန်မာပြည်ဘက်က ဒေသထွက်ကုန်တွေလည်း ရောင်းချခွင့်မရ။
နိုင်ငံရေးသမားအများစုက Win - Win သီအိုရီကိုပဲ လက်ကိုင်ထားကြပါတယ်။ နိုင်ငံတကာမှာလည်း သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွား မျှတအောင် Win - Win သီအိုရီကို လက်ကိုင်ထား လုပ်ဆောင်ခဲ့ကြတာ ကာလရှည်ကြာခဲ့ပါပြီ။ ဒီသီအိုရီဟာ အများပြည်သူ အတိဒုက္ခမရောက်သလို နှစ်ဦးနှစ်ဖက် ဆုံးရှုံးနစ်နာမှု မရှိတဲ့ အပြုသဘောဆောင်တဲ့ သီအိုရီဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ရဲ့ လုပ်ရပ်တွေဟာ ဘယ်လိုမှ အပြုသဘောဆောင်တဲ့ လုပ်ရပ်မျိုးမဟုတ်တဲ့အတွက် ဘယ်သူ့အတွက်မှ အကျိုးအမြတ်မထွက်ပါဘူး။ ဘက်ပေါင်းစုံက ဆုံးရှုံးနစ်နာရတာပဲ ရှိပါတယ်။
ဒါတွေကို ထောက်ရှုကြည့်လိုက်ရင် တဖက်အိမ်နီးချင်းနိုင်ငံအနေနဲ့လည်း ကာလရှည်ကြာ နစ်နာဆုံးရှုံးမှု များပြားလာမယ့်အရေးကို ထောက်ရှုပြီး နစကအစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်များထဲက နံပါတ် (၁)ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရှိလာအောင် အလေးထားဆောင်ရွက်သွားမည် ဆိုတဲ့ လုပ်ငန်းစဉ်အပေါ်မှာ အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။
အစိုးရအနေနဲ့လည်း ဒေသခံပြည်သူလူထု ကြုံတွေ့ခံစားနေရတဲ့ သောက၊ ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်တော့တဲ့ အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းရာမှာ ထိရောက် ပြတ်သားစွာ လုပ်ဆောင်သင့်သည်များကို အချိန်မဆွဲဘဲ ပြည်သူလူထု လိုလားတောင်းတသည့်အတိုင်း အမြန်ဆုံးဆောင်ရွက်ပေးနိုင်ဖို့ ပြောခွင့်သာရင် ပြောပေးပါလေ ဆိုတဲ့ လားရှိုးမြို့ခံ မိတ်ဆွေ တစ်ဦးရဲ့ တောင်းဆိုချက်ကို ထပ်လောင်း တင်ပြလိုက်လေသတည်း။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment