နေပြည်တော်၊ ဇူလိုင် ၂၂
အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ပေါက်ကိုယ်တော်မှ သွားရောက်တွေ့ဆုံ အားပေးစကားပြောပြီး ထောက်ပံ့ငွေနှင့် အဝတ်အထည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆရာတော်က "အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်နေကြတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဆိုတာ တိုင်းပြည်အတွက် တကယ့် ပါရမီရှင်တွေပဲ။ အကြမ်းဖက်သမားတွေကို နှိမ်နင်းရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သူတွေကို သွားရောက်တွေ့ဆုံ အားပေးစကားပြောပါတယ်။ တပ်မတော်သားတွေကိုလည်း ပုဆိုး၊ အင်္ကျီ ကိုယ်တတ်နိုင်တာလေးတွေ ဝယ်ပေးခဲ့တယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကိုတော့ ထောက်ပံ့ငွေ ၁သိန်း၊ ပုဆိုးနဲ့ အင်္ကျီ ဆေးရုံစောင့် ပြည်သူ့စစ်များ၏ ဇနီးသည်များအား ထမီတစ်ကွင်းစီပေါ့။ တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ပေးခဲ့ပါတယ်။" ဟု မိန့်ကြားသည်။
ပေါက်ကိုယ်တော်အနေဖြင့် မန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးလျှက်ရှိသည်။
https://t.me/MyanmarNationalPost








No comments:
Post a Comment