AA အကြမ်းဖက်အဖွဲ့က တပ်မတော်သား ယူနီဖောင်းများကို ဝတ်ဆင်၍ သံတွဲဒေသခံပြည်သူများကို ဒုက္ခပေးနေကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အကြမ်းဖက်အဖွဲ့က တပ်မတော်သား ယူနီဖောင်းများကို ဝတ်ဆင်၍ သံတွဲဒေသခံပြည်သူများကို ဒုက္ခပေးနေကြောင်း သိရ


သံတွဲ၊ ဇူလိုင် ၂၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် AA အကြမ်းဖက်အဖွဲ့ဝင်များက တပ်မတော်သားများ၏ ယူနီဖောင်းများကို ဝတ်ဆင်ပြီး ပုံမှားရိုက် တိုက်ခိုက်မှုများ လုပ်ဆောင်ပြီး ဒေသခံပြည်သူလူထုကို ဒုက္ခပေးနေကြောင်း သိရသည်။

ဆက်သွယ်သတင်းပေးပို့သူက "သံတွဲ သတင်းက အခုကျောက်ကြီးမှာ AA စခန်းဖွင့်နေပါတယ်။ ဂိတ်လည်းချထားပါတယ်။ ဂွ ကိုတိုက်ဖိုးလည်းအဆင်သင့်ဖြစ်နေပြီလို့ သတင်းရထားပါတယ်။ သံတွဲမှာဆိုရင် AA တွေဟာ တပ်မတော်သားတွေရဲ့ အင်္ကျီတွေကိုဝတ်ပြီး ပုံမှားရိုက် တိုက်ခိုက်တာလို့ သိရပါတယ်။ ခုဆိုရင် ဂွ နဲ့ ၃ မိုင်အကွာကို ရောက်နေကြပြီလို့သိရပါတယ်။ လေးလေးနက်နက်ထားပြီးတော့ တင်ပြစေလိုပါတယ်။  တပ်က အထူးဆောင်ရွက်ချက်သာမလုပ်ဘူးဆိုရင် မလွယ်ဘူး။ သေနေတာတွေလည်း နေ့တိုင်းပါပဲ။" ဟု ဆက်သွယ်ပြောဆိုသည်။

AA အကြမ်းဖက်အဖွဲ့ဝင်များသည် တပ်မတော်သားများ၏ ယူနီဖောင်းများကို ဝတ်ဆင်၍ ဒေသခံပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာလျှက်ရှိပြီး သတင်းများထုတ်ပြန်ရာတွင် ၎င်းတို့၏ ရက်စက်ယုတ်မာမှုများကို တပ်မတော်က ကျူးလွန်နေသယောင် လုပ်ကြံသတင်းများ အစဉ်သဖြင့် ဖန်တီးထုတ်ပြန်လျှက် ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)