ကျိုက်မရောထောင်တွင် အကျဉ်းသားများကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ရိုက်နှက်တိုက်ပိတ်ထားကြောင်း ပြည်ဖျက်မီဒီယာတစ်ခုမှ မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောထောင်တွင် အကျဉ်းသားများကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ရိုက်နှက်တိုက်ပိတ်ထားကြောင်း ပြည်ဖျက်မီဒီယာတစ်ခုမှ မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေ



 နေပြည်တော်၊ ဇူလိုင် ၂၄

“ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသားငါးဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ရိုက်နှက်တိုက်ပိတ်ထားပြီး ထောင်တွင်းပုဒ်မများစွာဖြင့် အမှုရင်ဆိုင်နေရ” ဟူသော ခေါင်းစဉ်ဖြင့် Khit Thit Media အမည်ခံ Facebook Page က ဇူလိုင် ၁၆ ရက်တွင် ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန် အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။


ဖြစ်စဉ်အမှန်ကို စိစစ်ရာတွင် ညီညီ (ခ) အရှည်ကြီးအပါအဝင် အကျဉ်းသား ငါးဦးသည် ဇွန် ၂၇ ရက်က လုံခြုံရေးအရ တပ်ဆင်ထားသည့် CCTV ကင်မရာ သုံးလုံးအား မြင်ကွင်းကြည်လင် ပြတ်သားမှုမရှိစေရန်နှင့် လုံခြုံရေးထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် အိပ်ဆောင်နံရံသုတ်ထုံးဖြင့် သုတ်လိမ်းခဲ့သည်ကို CCTV မှတ်တမ်းများအရ စစ်ဆေးတွေ့ရှိရသည့်အတွက် ယင်းအကျဉ်းသား များကို တာဝန်ခံအရာရှိက အကျဉ်းထောင်လက်စွဲဥပဒေနှင့်အညီ ခြေချင်းခတ်၍ တိုက်ပိတ်ပြစ်ဒဏ် နှစ်ပတ်၊ ပါဆယ်ပစ္စည်းပေးသွင်းခွင့်နှင့် ဧည့်တွေ့ခွင့် တစ်လပိတ်ခြင်းနှင့် တိုက်ပိတ်ပြစ်ဒဏ် နှစ်ပတ်ပြည့်ပါက သီခြားတိုက်တွင် ထားရှိရန် ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။


ထိုသို့ပြစ်ဒဏ်ချမှတ်၍ တိုက်ခန်းသို့ ပြောင်းရွှေ့ထိန်းသိမ်းချိန်တွင်လည်း ရိုက်နှက်မှုမရှိကြောင်း၊ ယင်းအကျဉ်းသားများအား တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုခြင်း မပြုလုပ်ဘဲ တာဝန်ခံအရာရှိမှ အကျဉ်းထောင်လက်စွဲဥပဒေနှင့်အညီ စီမံခန့်ခွဲပြီး ထောင်တွင်းပြစ်ဒဏ်ချမှတ်ခဲ့ခြင်းသာ ဖြစ်သည့် အတွက် Khit Thit Media ၏ ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင် လွဲမှားစေရန်နှင့် ထင်ယောင်ထင်မှားဖြစ်စေရန် အဖျက်အမှောင့်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံရေး သားထားခြင်းသာဖြစ်သည်။


မိုးအောင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)