မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်းဆောင်ရွက်



အထက်မင်းလှ   ၊  ဇူလိုင်  ၄


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို ၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မင်းလှမြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ကျန်းမာ‌ရေးစစ်ဆေးခြင်းနှင့်ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန်ဒေါက်တာ‌အောင်ကျော်သူနှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား စာရင်းပေးသွင်းပြီး ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊‌ သွေးချိုစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးပေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးပြီး လိုအပ်သည့်‌ဆေးဝါးများအား အခမဲ့ဆောင်ရွက်ပေးရာ ဇူလိုင်(၃)ရက်နေ့တွင် ကျန်းမာရေးလာရောက်စစ်ဆေးသူ(၂၅)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ဇာဇာ(အထက်မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)