အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇူလိုင် ၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် တိုးရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လတ်တလောဖြစ်ပွားနေသော ကချင်ပြည်နယ် ရေကြီးရေလျှံမှုအပါအဝင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တစ်လျှောက် ဆက်စပ်ဖြစ်ပွားလာနိုင်သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ၊ မုတ်သုံကာလအတွင်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာများဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ ကဏ္ဍအလိုက်ကြိုတင်စီမံထားရှိမှုများကို တင်ပြကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ အချိတ်အဆက် မိမိဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဒေသခံပြည်သူများနှင့် အစိုးရတာဝန်ရှိသူများအကြား ပေါင်းစည်းဆောင်ရွက်ရန်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြစ်ရေကြီးမှုအခြေအနေကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)