MNDAA/TNLA အကြမ်းဖက်အဖွဲ့များက လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများဖြင့် ဆက်လက်ပစ်ခတ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

MNDAA/TNLA အကြမ်းဖက်အဖွဲ့များက လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများဖြင့် ဆက်လက်ပစ်ခတ်နေ


လားရှိုး၊ ဇူလိုင် ၄

ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ မြို့ခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ MNDAA/TNLA အကြမ်းဖက်အဖွဲ့များက မြို့တွင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

မြို့ခံတစ်ဦးက "ဒီမနက် အဲဒီကောက်တွေဘက်က မြို့ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ဆက်ပစ်နေတယ်။ ၆လုံးရှိပြီ ပစ်နေတာ။ လူနေရပ်ကွက်တွေထဲကိုပဲ ကျတယ်။ မန်အိုင်ဆိုင် ဘက်မှာ ပစ်နေတာဆိုတော့ ရပ်ကွက် ၇ နဲ့ နီးလာနေပြီ။ အထက်မန်အိုင်မှာလည်း တိုက်ပွဲဖြစ်နေတယ်။ ကျရောက်ပေါက်ကွဲသံတွေရော၊ ပစ်ခတ်သံတွေရော မြို့နဲ့ ပိုနီးလာပြီ။" ဟု ပြောသည်။

MNDAA/ TNLA အကြမ်းဖက်အဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် မြို့တွင်းကို ပစ်ခတ်တိုက်ခိုက်သဖြင့် ၃-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက ကချင်မိသားစု (၆)ဦး သေဆုံးခဲ့ရပြီး ညနေပိုင်းတွင် အကြမ်းဖက်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်သည့် ရှော့တိုက်ဒုံးမှာ လားရှိုးမြို့၊ ပန်အုပ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား (၄)ဦး အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ လားရှိုးမြို့၊ ရပ်ကွက်(၄)၊ နယ်မြေ(၃) ရှိ လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲရာမှ အမျိုးသား (၁)ဦး ထိခိုက်သေဆုံး၊ အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)