ရွှေတောင် ၊ ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရွှေတောင်မြို့နယ်၊ ယောဒေါင့်ကျေးရွာ ရွာထိပ်ရှိထန်းလုံးချောင်းတာကျိုးပေါက်မှုအား ယမန်နေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တာကျိုးပေါက်သည့်နေရာသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒကစမှူး ဗိုလ်မှူးချုပ် စိုးဦးဟန် နှင့် တပ်မတော်သားများ၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန ( ဆည်မြောင်း) တိုင်းဦးစီးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ ၊ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန ( ဆည်မြောင်း) ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ ရွှေတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန ( ဆည်မြောင်း) မြို့နယ်ဦးစီးမှူး ၊မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့များ ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား ( ၂၅၀) ဦးတို့မှ တာကျိုးပေါက်သည့်နေရာအား အမြန်ဆုံး ပြုပြင်နိုင်ရေးပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် အဖွဲ့များ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ သက်ဆိုင်ရာဌာနများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ ၊ဒေသခံပြည်သူများပူးပေါင်း၍ မျောတိုင်ရိုက်ခြင်း၊သဲအိတ်စီခြင်း၊မြေနီကျောက်စရစ်များဆောင်ရွက်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တာကျိုးပေါက်မှုအားပြုပြင်ဆောင်ရွက်လျက်ရှိသော နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များအားထောက်ပံ့ငွေများပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment