ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

  




ရွှေတောင် ၊  ဇူလိုင်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊  အိုးထိမ်းကုန်း အခြေခံပညာ မူလွန်ကျောင်းနှင့် လက်ခုတ်တန်းအခြေခံပညာမူလတန်းကျောင်း တို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ် စာစောင်၊လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

         အခမ်းအနားတွင် အိုးထိမ်းကုန်း ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၊ကျောင်းအုပ် ဆရာကြီး ဦးသဲမောင်မောင်စိုးနှင့် လက်ခုတ်တန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားအေးတို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအားဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန် နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊  လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့်  ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီးပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်နှင့်          ဒုတိယဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်တို့က စားသုံးသူ နှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာအကြောင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးပြီး ဒေါ်ရွှေဝတ်ရည်တိုးက မိအေးချက်သည့်ဟင်းတစ်ခွက်"၊ စက္ကူပြဇာတ်ဖြင့်လည်းကောင်း၊ "ကဒုကဒိက်ကဒေါ့ကဒက်" ရုပ်ပုံစာအုပ်ဖြင့်လည်း ကောင်း ပုံပြင်များ အသီးသီးပြောပြခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်စာ စောင်များ ဖတ်ရှုကြပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး  နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)