ချောင်းဆုံ၊ ဇူလိုင် ၁၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာတင်ခြင်း နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၁၅ ရက်နေ့နံနက် (၁၀) နာရီအချိန်က ချောင်းဆုံအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ချောင်းဆုံမြို့မရဲစခန်းမှူး ဒုရဲမှူးကိုကိုမင်းထွန်းက ဒေသခံပြည်သူများအနေဖြင့် သတင်းတု၊ သတင်းမှားများကို သိရှိနိုင်သည့် နည်းလမ်းများ၊ သတင်းတု၊ သတင်းမှားများနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များ၊ အင်တာနက် အသုံးပြုရာတွင် မဖွယ်မရာတင်ခြင်း၊ တိုက်ခိုက်ပြောဆိုခြင်းစသည့် တည်ဆဲဥပဒေများအရ တားမြစ်အရေးယူခြင်း ခံရနိုင်သည့်အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment