မန္တလေးကျောက်ဝိုင်းနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများ သိရှိစေရန် တင်ပြခြင်း (အိတ်ဖွင့်ပေးစာ) - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးကျောက်ဝိုင်းနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများ သိရှိစေရန် တင်ပြခြင်း (အိတ်ဖွင့်ပေးစာ)








ဆင်ကတော့ သေးပေါက်လိုက်တာဘဲ။ ပုရွက်ဆိတ်ကတော့ ပင်လယ်ပြင် ကူးသလိုဖြစ်နေပြီ။ တရုတ်ကုန်သည်အပေါ်ထုတ်ပြန်လိုက်တဲ့ အမိန့်တစ်ခုကြောင့် အခြေခံကျောက်သ္မား၊ ကုန်သည်ပွဲစားအများစုရဲ့ ခိုညည်းရှိုက်သံတွေကို ယနေ့ကြားလိုက်တဲ့ အသံတူတွေက (တရုတ်ကုန်သည်တွေ ပြန်ကုန်ကြပြီ)တဲ့။

      

ယ္ခင်က မကြုံဖူးတဲ့ တရုတ် - မြန်မာဆက်ဆံရေးအသင်းက မြန်မာနိုင်ငံအတွင်း ဗီဇာနှင့်လာတဲ့ တရုတ်ကုန်သည်အပေါ်  သူတို့စိတ်ကြိုက် အခွန်စည်းမျဉ်း/စည်ကမ်းနှင့်မညီတဲ့ တရုတ်ယွမ်ငွေဖြင့် အခွန်ကောက်ခွင့်ရှိပါသလား!။ (မြန်မာကျပ်ငွေက တရားမဝင်လို့လား?)

သူတို့အဖွဲ့ထုတ်ပြန်တဲ့ စည်းကမ်းမလိုက်နာရင် သူတို့စိတ်ကြိုက် အရေးယူခွင့်ရှိသလား။

လူသားတစ်ယောက်ရဲ့ ရရှိပိုင်ခွင့် လူအခွင့်ရေးအရေးကို ပိတ်ပင်တားဆီးခွင့်ရှိပါသလား။

ယ္ခုလို တရုတ်ကုန်သည်တွေအပေါ် တစ်ဖက်သတ် ဥပဒေထုတ်ပြန်လိုက်တော့ တရုတ်ကုန်သည်တွေ ပြန်ကြပြီပေါ့။

မြန်မာကျောက်စိမ်းရတနာလုပ်ငန်းဆိုတာ ဟိုးအရင်ခေတ်အဆက်ဆက် တရုတ်ကုန်သည်တွေအပေါ်  မှီခို ရောင်းချနေရသလို ဆိုင်ခန်းပိုင်ရှင် မြန်မာတွေနှင့် ဝန်ထမ်းတွေ အလုပ်အကိုင်အခွင့်လမ်းများ ရရှိခဲ့ပါသည်။ ထို့အပြင်( တရုတ်၁ယောက်အပေါ် ဈေးဝင်ခွင့်ငွေကျပ် ၄၀၀၀ )အနည်းဆုံး ရရှိသည့်အတွက် တစ်ရက်ကို ငွေသိန်းနှင့်ချီပြီ အခွန်ရရှိသလို ဒေသခံ ကျောက်စိမ်းလုပ်ကိုင်သူအများစုနှင့် စားသောက်စရာ ရောင်းချသူအများစုလည်း အဆင်ပြေခဲ့ကြပါသည်။

နိုင်ငံတော်၏ လူမှုဘဝစီးပွားတိုးတက်ရေး ရည်ရွယ်ချက်လည်းပျက်ပြီ။ တရုတ်ကုန်သည်လည်းပြန်ပြီ။ (ဘယ်သူမှာတာဝန်ရှိသလဲ) အတွေးများနဲ့။


ကျောက်သမားတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)