ကြံခင်းမြို့၌ ယာယီရေဘေးရှောင်စခန်းရှိ မွေးခင်းစကလေးနှင့် ကျောင်းနေအရွယ်ကလေးတို့အား အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့၌ ယာယီရေဘေးရှောင်စခန်းရှိ မွေးခင်းစကလေးနှင့် ကျောင်းနေအရွယ်ကလေးတို့အား အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်






ကြံခင်း၊ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတော်စုရပ်ကွက်၊  မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမ ယာယီရေဘေးရှောင်စခန်းရှိ မွေးကင်းစကလေးနှင့် ကျောင်းနေအရွယ်ကလေးတို့အား ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်ပိုင်းက အဆိုပါ ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ရာတွင် ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ‌ဒေါ်စန်းစန်းမြင့်နှင့်အဖွဲ့ဝင်များက မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမ ယာယီရေဘေးရှောင်စခန်းရှိ မွေးကင်းစကလေးနှစ်ဦးအား အနီးပိတ်စ၊ မွေးကင်းစ ကလေးဝတ်အင်္ကျီ ၄ စုံ၊ ကြက်ဥ ၂၀ လုံး ၊ ကိတ်ခြောက် ၂ ထုပ် တို့အားလည်းကောင်း၊ ကျောင်းနေအရွယ် မူလတန်းကျောင်းသူတစ်ဦးအား ကျောင်းဝတ်စုံ ၂ စုံ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ရွှေတောင်စု ရပ်ကွက်၌ ကျန်းမာရေးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်နေသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး သွန်ဖုံးလဲစစ်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေမှုတို့ အား လှည့်လည်ကြည့်ရှုကာ ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက “သန့်လေးသန့်” ကို လူတိုင်းသိရှိနားလည်ကြကာ လူတိုင်းလိုက်နာကျင့်သုံးကြခြင်းဖြင့် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါအပါအဝင် ရောဂါဘယများစွာတို့မှ ကင်းဝေးစေနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ သဲဖြူကျေးရွာအုပ်စု ကုန်းမြင့်ဘိုးဘွားရိပ်သာတွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်နေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ ဆီ ၂ ပိဿာ၊ ကွေကာ အုပ် ၂ ပါကင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘိုးဘွား ၂၉ ဦးတို့အား ကိတ်မုန့်တစ်ထုပ်စီ၊ တိုင်းရင်းဆေးများကို ခရိုင်မိခင်နှင့်ကလေး စောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


ဖြိုးဝေလင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)