သာပေါင်း၊ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်၍ ကျောင်းဝန်းများအတွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း (၂၅)ကျောင်းအား ဇူလိုင်လ (၂၂) ရက်နေ့က စတင်ယာယီပိတ်ထားခဲ့ရသည်။
ငဝန်မြစ်ရေကြီးမြင့်တတ်၍ ရေဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကွင်းပေါက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခေနန်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ရေလဲကြီး၊ အခြေခံပညာအလယ်တန်းကျောင်း (ညောင်ကွင်း အလယ်စု)၊ အခြေခံပညာအလယ်တန်းကျောင်း (ကြာကန်)၊ အခြေခံပညာအလယ်တန်းကျောင်း (သရက်တော)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဒည်ကုန်း)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (သင်္ကန်းပင်ဆိပ်)၊ အခြေခံပညာမူလတန်းကျောင်း (တင်းကုတ်ကြီး)၊ အခြေခံပညာမူလတန်းကျောင်း (လက်ခုပ်ရွာသစ်)၊ အခြေခံပညာမူလတန်းကျောင်း (ရွှေလှေကွင်း)၊ အခြေခံပညာမူလတန်းကျောင်း (အင်းကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သစ်ပုတ်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (ဘုရားကြီး)၊ အခြေခံပညာမူလတန်းကျောင်း (လိန်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (အငူကြီး)၊ အခြေခံပညာမူလတန်းကျောင်း (မယင်းချောင်)၊ အခြေခံပညာမူလတန်းကျောင်း (ဂွေးတောက်ကွင်း)၊ အခြေခံပညာမူလတန်းကျောင်း (ဆိပ်ကြီး ပေါက်လွတ်)၊ အခြေခံပညာမူလတန်းကျောင်း (မာလကာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (ကတတ်ရိုး) ကျောင်းတို့ (ဇူလိုင်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်) နေ့အထိ ပိတ်ထားပေးရာ၊ ယနေ့ ဇူလိုင်လ(၂၃)ရက်နေ့တွင် အခြေခံပညာမူလတန်းကျောင်း (သစ်ဆိမ့်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သရက်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သာယာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ )(သောင်ရွာ) ကျောင်းတို့ ထပ်မံပိတ်ပေးရပြီး ပေါင်း(၂၅)ကျောင်းအား (ဇူလိုင်လ ၂၂/၂၃ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်နေ့)အထိ(၅/၄)ရက် ယာယီပိတ်ထားရှိပြီး ကျောင်းပိတ်ရက်များကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြန်လည် အစားထိုးသင်ကြားသွားမည်ဖြစ်ရာ ငဝန်မြစ်ရေကြီးမြင့်ရေဝင်ရောက်လာမှုကြောင့် ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်ထံမှ သိရသည်။
မျိုးဇော်သိန်း
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment