ဟာဗားနားမြို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်က အာဆီယံကော်မတီဟာဗားနား၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဗီယက်နမ်သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟာဗားနားမြို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်က အာဆီယံကော်မတီဟာဗားနား၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဗီယက်နမ်သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်




ဟာဗားနား၊ ဇူလိုင် ၁၆

ဟာဗားနားမြို့ မြန်မာသံရုံးအနေဖြင့် အာဆီယံကော်မတီဟာဗားနား (ASEAN Committee in Havana, Cuba-ACHC) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ၊ လာမည့်အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဗီယက်နမ်သံရုံးသို့ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်သည့် အစည်းအဝေးတစ်ရပ်ကို ၁၂-၇-၂၀၂၄ ရက်နေ့တွင် ဟာဗားနားမြို့ရှိ La Cocina de Lilliam Restaurant ၌ မြန်မာသံရုံး၊ ဟာဗားနားမြို့မှ ကမကထပြု၍ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးမိုးနိုင်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် အာဆီယံကော်မတီဟာဗားနားအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ လာမည့် ACHC ဥက္ကဋ္ဌ ဗီယက်နမ်သံရုံး တာဝန်ယူစဉ်ကာလတွင်လည်း လှုပ်ရှားမှုများ ဆက်လက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဆုတောင်း စကားပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသည့်   အာဆီယံသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ဘာသာရပ်တာဝန်ခံများက အာဆီယံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေ များ၊ အာဆီယံဟာဗားနားကော်မတီမှ ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ ကို  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကာ အလှည့်ကျဥက္ကဋ္ဌကို ဗီယက်နမ်သံရုံးသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ACHC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ဘာသာရပ်တာဝန်ခံများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)