ရွှေတောင်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းဖွင့်လှစ်




ရွှေတောင် ၊  ဇူလိုင်   ၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊မြို့နယ်အားကစားခန်းမတွင် ယမန်နေ့ နံနက်ပိုင်းကမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းဖွင့်လှစ်ခဲ့သည်။

   သင်တန်းတွင် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြအေးက ကိုယ်ခံပညာများ တတ်မြောက်ထားခြင်းဖြင့် အမျိုးသမီးငယ်များအန္တရာယ်များကို မိမိကိုယ်တိုင်ခုခံ ကာကွယ်စောင့် ရှောက်နိုင်‌စေရန်နှင့် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းလာ စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။  ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်နုနုဖြိုး၏ ကြီးကြပ်မှုဖြင့် နည်းပြနည်းစနစ်မှူးဒေါ်သပြေနှင့် သင်တန်းနည်းပြ ( ၂) ဦးတို့က ကိုယ်လုံပညာ (၆၃) ဘောင်းနှင့် ဓားသိုင်းအခြေခံတို့အားလက်တွေ့ပြသသင်ကြားပေးခဲ့သည်။

   အဆိုပါ သင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူ (၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ (၂) ရက် သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။



ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)