သဲကုန်း ၊ ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါး (၈၂၆၁၀) ဧက လျာထားစိုက်ပျိုးရာ ယမန်နေ့အထိ (၆၂၆၂၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများအသုံးပြု၍ မိုးစပါးများစိုက်ပျိုးရာတွင် ရတနာတိုး (၂၂၁၇၆) ဧက၊ YSR-1 (၃၀၀) ဧက၊ YAR-14 (၂၀၀) ဧက၊ ကရင်မ (၈၃၁၉) ဧက၊ ဗီယက်နမ် (၁၁၀၀၀) ဧက၊ ရက်-၉၀ (၁၁၁၀၀) ဧက၊ မှော်ဘီ-၂ (၉၅၀၀) ဧက၊ ရေအနဲလို (၆၀) ဧက၊ အင်းမရဲဘော် (၈၂၁၆) ဧက၊ ထိုင်းနှံကောက် (၁၁၆၀၀) ဧကနှင့် ကောက်ညှင်း (၁၃၉) စုစုပေါင်း (၈၂၆၁၀) စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇူလိုင်လ (၂၄) ရက်နေ့အထိ မိုးစပါး (၆၂၆၂၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ရာ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ၂၀၂၄ ခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာသွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သဲကုန်းမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးနည်းစနစ်သင်တန်းများဖွင့်လှစ်ပေးခြင်း၊ တောင်သူအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment