ပွင့်ဖြူ ၊ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ကံလှကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ပေါက်ကုန်းရွာသစ်ကျေးရွာ၊ ဆင်စုကျေးရွာ၊ ညောင်လှလေးကျေးရွာနှင့် ညောင်ပင်ဒေါင့်ကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲက စတုတ္ထအကြိမ် သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်၏ ကြီးကြပ်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေဘေးသင့်ကျေးရွာ ခုနှစ်ရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၇၆၉ စုအတွက် ကျေးရွာတစ်ရွာလျှင် ဓာတ်ဆားထုပ် ၅၀ ထုပ်စီနှင့် အိမ်ထောင်စုတစ်စုလျှင် တစ်လီတာ သောက်ရေသန့် (၅)ဘူးစီတို့ကို စနစ်တကျ ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)
https://t.me/MyanmarNationalPost


No comments:
Post a Comment