၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် မြို့နယ်အဆင့်အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်ကျာင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် မြို့နယ်အဆင့်အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်ကျာင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ





လေးမျက်နှာ  ၊  ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် မြို့နယ်အဆင့်အောင်ချက် အကောင်းဆုံးကျောင်းများနှင့် ထူးချွန်ကျာင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာဟင်္သာတခရိုင်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးက ထူးချွန်ဆုရရှိသော ကျောင်းသား/သူများနှင့် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှုးသိန်းထိုက်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးတို့က တက္ကသိုလ်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး အ.ထ.က(၃)ကျောင်း၊ အ.ထ.ကခွဲ(၃)ကျောင်းနှင့် (၄)ဘာသာဂုဏ်ထူးရရှိသာ ကျောင်းသား/သူ(၄)ဦးတို့အား ဆုချီးမြှင့်ပြီး မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ထူးရရှိအောင် သင်ကြားပြသခဲ့သော ‌‌‌‌‌‌‌ဆရာ၊ ဆရာမများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများကို ဆက်လက်ဆုချီးမြှင့် ပေးခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား(၁၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မိုးသက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)