နေပြည်တော်၊ ဇူလိုင် ၁၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုမှ မန္တလေးသို့ မင်းဇော် မောင်းနှင်ပြီး မင်းကို လိုက်ပါသည့် ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉၅ သန်း သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၀ နာရီခွဲအချိန် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၄)၊ မြို့ရှောင်လမ်းတွင် မောင်ငယ်(ခ)ကျော်ကြီး အား ၁၈ ဘီးတွဲယာဉ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂၅ သန်းနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၂ သန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment