မြစ်ကြီးနား၊ ဇူလိုင် ၁၇
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေကြီးမြင့်ခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဘေးသင့်အမြဲတမ်းနှင့် နေ့စားဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ဇူလိုင် ၁၆ ရက် နံနက် ၁၁ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးဝန်ထမ်းများသည် မြစ်ကြီးနားမြို့အတွက် နေ့စဉ်ပိတ်ရက်မရှိ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ကြရပါကြောင်း၊ ယခုလို ရေကြီးရေလျှံမှု သဘာဝဘေးဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့မှုများအပေါ် မိသားစုများ အခက်အခဲဖြစ်ပေါ်ချိန်တွင် ထောက်ပံ့ပေးအပ်ရသည့်အတွက် ဝမ်းသာမိပါကြောင်း အားပေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးကျော်လင်းက လုပ်ငန်းတာဝန်များ ကြိုးစားဆောင်ရွက်ကြရေးအတွက်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ရေဘေးသင့်ခဲ့သည့်ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ရေဘေးသင့်ခဲ့သည် အမြဲတမ်းနှင့် နေ့စားဝန်ထမ်းအိမ်ထောင်စု (၁၀၉) စုတို့အတွက် တန်ဖိုးငွေကျပ် (၁၆၃၅၀၀၀၀) ရှိ စောင်၊ ခြင်ထောင်၊ ခေါင်အုံး၊ အိပ်ရာခင်း၊ ပုဆိုး၊ လုံချည် စသည့်အဝတ်အထည်များနှင့် မီးဖိုချောင်သုံးပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment