လပွတ္တာမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈)ဘီလီယံ မတည်ထောက်ပံ့ငွေမှ ချေးငွေထုတ်ချေးရေးစီမံချက်အား ရှင်းလင်းပွဲနှင့် ချေးငွေစာချုပ်ချုပ်ဆို ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈)ဘီလီယံ မတည်ထောက်ပံ့ငွေမှ ချေးငွေထုတ်ချေးရေးစီမံချက်အား ရှင်းလင်းပွဲနှင့် ချေးငွေစာချုပ်ချုပ်ဆို ပေးအပ်ပွဲကျင်းပ

 


လပွတ္တာ  ၊  ဇူလိုင် ၃


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈)ဘီလီယံ မတည်ထောက်ပံ့ငွေမှ ချေးငွေ ထုတ်ချေးရေး စီမံချက်အား ရှင်းလင်းပွဲနှင့် ချေးငွေစာချုပ်ချုပ်ဆို ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန်းဌေးက ချေးငွေ ထုတ်ချေးရေး နှင့်ပတ်သက်၍ စီမံချက်ပါ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေး ဆောင်ရွက်မည့်ကဏ္ဍအလိုက် ချေးငွေများပေးအပ်ရာ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့်‌မွေးမြူ‌ရေးကဏ္ဍများအတွက် လုပ်ငန်းရှင် အစုအဖွဲ့(၅)စုအား ငွေကျပ် (၁၅၀၀)သိန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ချေးငွေစာချုပ်များချုပ်ဆိုခဲ့ကြောင်း သိရသည်။


မူမူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)