မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်း နှင့်အာဟာရဒါန ကျွေးမွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်း နှင့်အာဟာရဒါန ကျွေးမွေးလှူဒါန်း








ငါးသိုင်းချောင်း၊ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း မြို့တွင်ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်သည့် မြန်မာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် သက်ကြီး ဘိုးဘွား များအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့်အာဟာရဒါနကျွေးမွေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်၏ဦးဆောင်မှုဖြင့် မြို့ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်နှင်းဝေလွင်၊မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ဆေးပေးခြင်း၊ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့အမျိုးသမီးရေးရာအဖွဲ့မှအဘိုးအဘွား( ၁၄၀)ယောက်တွက်အလှူငွေများနှင့် အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)