ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသူများအား နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ၏ ပြန်လည်ဖြေကြားချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသူများအား နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ၏ ပြန်လည်ဖြေကြားချက်


 

ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသူများအား နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ၏ ပြန်လည်ဖြေကြားချက်


တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူသည့် (၂၀၂၁)ခုနှစ်မှ စတင်ပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မီဒီယာ အုပ်စုဖြစ်တဲ့ DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now အစရှိသော သတင်းဌာနအမည်ခံ အကြမ်းဖက်လှုံ့ဆော် ဂျင်းဌာနများကို ထုတ်ဝေခွင့်တွေ ပိတ်သိမ်းခဲ့တာ ရှိပါတယ်။ 

သို့သော်လည်း ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများဟာ ယနေ့အချိန်အထိ ပြည်ပကို ထွက်ပြေးပြီး လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုမျိုးစုံနဲ့ အများပြည်သူကို သတင်းအဆိပ်ခတ်နေကြတာကို တွေ့ရပါတယ်။ ဖော်ပြပါ သတင်းဌာနများကို ဦးဆောင်တဲ့ အေးချမ်းနိုင်၊ စိုးမြင့်၊ အောင်ဇော်၊ သာလွန်ဇောင်းထက်၊ ဆွေဝင်း အစရှိသော အယ်ဒီတာအမည်ခံ တစ်ဖက်စွန်းရောက် ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများကို ယနေ့တိုင် အရေးယူဆောင်ရွက်ခြင်း မတွေ့ရပါဘူး။

အကြမ်းဖက်လှုံ့ဆော်မှုတွေ ကျူးလွန်ခဲ့တဲ့ ပြည်ပြေး ဝရမ်းပြေးတချို့ကို နိုင်ငံသားစာရင်းက ပယ်ဖျက်လိုက်တာမျိုး တွေ့ရပေမယ့် အထက်ဖော်ပြပါ အယ်ဒီတာအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများကိုတော့ ပယ်ဖျက်တာမျိုးလည်း မတွေ့ရသေးပါဘူး။ အေးချမ်းနိုင်၊ စိုးမြင့်၊ အောင်ဇော်၊ သာလွန်ဇောင်းထက်၊ ဆွေဝင်း တို့ကဲ့သို့သော အခြားသော ပြည်ဖျက်မီဒီယာများကို ဦးဆောင်နေသူတွေလည်း ရှိပါတယ်။ ဘယ်လို အရေးယူဆောင်ရွက်သွားမလဲ ဆိုတာကို ဖြေကြားပေးစေလိုပါတယ်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)