TNLA အကြမ်းဖက်သမားများ ခိုလှုံရာ ကျောက်မဲမြို့ One Love ဟိုတယ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ချေမှုန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

TNLA အကြမ်းဖက်သမားများ ခိုလှုံရာ ကျောက်မဲမြို့ One Love ဟိုတယ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ချေမှုန်း





ကျောက်မဲ၊ ဇူလိုင် ၁

ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့ One Love ဟိုတယ်တွင် TNLA အကြမ်းဖက်သမားများ ခိုလှုံနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ခဲ့သည်။

ဒေသခံများ၏ ပြောပြချက်အရ ယမန်နေ့က ကျောက်မဲမြို့ One Love ဟိုတယ်တွင် TNLA အကြမ်းဖက်အဖွဲ့ အောင်ပွဲခံနေကြောင်း သိရသည်။

၎င်းတို့ ခိုအောင်းရာ နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ခဲ့သည့် အခြေအနေတွင် TNLA အကြမ်းဖက်အဖွဲ့က "ယမန်နေ့ ညသန်ခေါင်းယံ(၁၂)နာရီဝန်းကျင်အချိန်တွင် တပ်မတော်မှ ကျောက်မဲမြို့၊ ရပ်ကွက်(၁)ရှိ One Love Hotelအနီးတွင် ဂျက်ဖိုက်တာဖြင့် ပေါင်(500)ဗုံး လာရောက်ကြဲချခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ  ပေါင်(500)ဗုံး ကြဲချမှုကြောင့် ကျောက်မဲမြို ရပ်ကွက်(၁)ရှိ One Love Hotel ၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ်(၂၀) နီးပါး ပျက်စီးခဲ့ရကြောင်း" လုပ်ကြံဖန်တီးရေးသား ဖြန်ချိထားသည်။

အကြမ်းဖက်အဖွဲ့များကို မလိုလားသည့် ဒေသခံပြည်သူများက One Love ဟိုတယ်တွင် TNLA အကြမ်းဖက်သမားများ ခိုအောင်နေထိုင်ပြီး အောင်ပွဲခံနေသည်ကို သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နှိမ်နင်းဆောင်ရွက်ပေးနိုင်ရန် လျှို့ဝှက်သတင်းပေးပို့ခဲ့ကြခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)