ရွှေတောင် ၊ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အမက ညောင်ဝိုင်းနှင့် အမက အင်ကြင်းစင်ကျောင်း တို့တွင် ယနေ့ နံနက် ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင် နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမက ညောင်ဝိုင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီလှိုင် နှင့် အမက အင်ကြင်းစင် ကျောင်းအုပ်ဆရာမကြီး ဒေါ် အေးမြခိုင်တို့က အဖွင့်အမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြင့်တင်ရေး နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ အာဇာနည် ခေါင်းဆောင်ကြီးများအကြောင်း၊စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်နှင့်ဒုတိယဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်တို့မှ စားသုံးသူနှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာအကြောင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား Icebreaking ပြုလုပ်ခြင်း ၊ ဒေါ်ရွှေဝတ်ရည်တိုးက "ကဒုကဒိက်ကဒေါ့ကဒက်" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များ အသီးသီးပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်စာ စောင်များ ဖတ်ရှုကြပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများကို (၇၇)နှစ် မြောက် အာဇာနည် နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် အာဇာနည် ခေါင်း ဆောင်ကြီးများ အကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment