သာပေါင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်



သာပေါင်း  ၊   ဇူလိုင် ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံး လျော့ပါးပျောက်ပျက်မှုမရှိရေးနှင့် အချိန်မီ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကြိုတင်စုဖွဲ့လေ့ကျင့်ပြင်ဆင်ထားရှိကြသည်။


ထိုသို့မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအား ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က ကြည့်ရှုစစ်ဆေး အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်သူလွင် ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ယာဉ်များဖြင့် ကြိုတင် ပြင်ဆင်ဖွဲ့စည်းထားရှိကြောင်း သိရသည်။


မျိုးဇော်သိန်:

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)