ညောင်ရွှေ၊ ဇူလိုင် ၁၁
ကယားပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့များနှင့် သွားရောက်ပူးပေါင်း၍ အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်နေသော ကြာကူလီ နေမျိုးဇင်ဦးဆောင်သောအဖွဲ့ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာတွင် ရောက်ရှိခိုလှုံနေကြောင်း သိရသည်။
ဆက်သွယ်သတင်းပေးပို့ချက်အရ လွိုင်ကော်မှာ အခြေအနေကောင်းသည့်အတွက် ထွက်ပြေးလာပြီး ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအတွင်း စခန်းချနေထိုင်လျှက်ရှိကြောင်း ၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာ၊ ညောင်လေးပင်ရွာတို့တွင် ဒေသခံ ရွာသားများကို အကြမ်းဖက်သမားများအဖြစ် စုဆောင်းမှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
"ရှမ်း - ကယားအစပ်ပေါ့။ အခုလောလောဆယ် အတိအကျ ပြောနိုင်တာကတော့ ကယားဘက်မှာ အခြေအနေ မကောင်းဘူးပေါ့။ အခုရောက်နေတဲ့ ရေပူကနေပြီး တပ်စခန်းတွေကို ပစ်နေတာလည်း ရှိတယ်။ တပ်စခန်းတွေတော့ မထိပါဘူး။ လမ်းပေါ် ကျရောက်ပေါက်ကွဲတာမျိုးတွေ ရှိတယ်။ ဒီကောင်တွေက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းထဲ ဝင်ပြီးလှုပ်ရှားတာမျိုးတွေလည်း ရှိတယ်။ ပင်လောင်း၊ ဖယ်ခုံ၊ ညောင်ရွှေ ရှမ်းနဲ့ ကယားအစပ်မှာပဲ လှုပ်ရှားနေတာပေါ့။ အခုကတော့ ညောင်ရွှေမြို့နယ်ထဲက ရေပူမှာပဲ ရှိနေတယ်။" ဟု ပြောသည်။
ကြာကူလီ နေမျိုးဇင် သည် အကြမ်းဖက်လှုပ်ရှားရာနယ်မြေအတွင်း BBC သတင်းထောက်များကို ခေါ်သွင်းပြီး နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများကို သတင်းရုပ်သံဖန်တီး ထုတ်လွှင့်မှုများလည်း လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment