နေပြည်တော်၊ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၁၆ ရက်နေ့ ၁၁၃၀ အချိန် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၉ လမ်း၊ ၅၃ x ၅၄ လမ်းကြားရှိ ဟိုတယ်အခန်းအမှတ် --- အား ဝင်ရောက်ရှာဖွေရာ တည်းခိုနေထိုင်သူ မောင်မောင်ခင် နှင့် ကျင်ရှန်(ခ)အားယုံ တို့အား တွေ့ရှိပြီး အခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁.၀၈၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁၇ သိန်း)၊ ကက်တမင်း အလေးချိန် ၅.၅၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၆၅ သိန်း)၊ အက်တက်စီဆေးပြား ၁၆၁၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၉၆၉၀)၊ Happy Water အလေးချိန် ၃၁၉ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈၂.၈ သိန်း)၊ မြန်မာငွေကျပ် ၁.၃ သိန်းနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
မောင်မောင်ခင်(၂၉)နှစ်နှင့် ကျင်ရှန်(ခ)အားယုံ(၃၀)နှစ်တို့အား အမှတ်(၉)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment