ကြံခင်းမြို့ရှိ ရွှေသာလျောင်းဘုရားနှင့် လဲဝါဘုန်းတော်ကြီးကျောင်း ကြားရှိ ရေကာတာ ရေစိမ့်ဝင်မှု့အား သဲအိတ်များဖို့ခြင်းနှင့် ကာရံထိန်းပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့ရှိ ရွှေသာလျောင်းဘုရားနှင့် လဲဝါဘုန်းတော်ကြီးကျောင်း ကြားရှိ ရေကာတာ ရေစိမ့်ဝင်မှု့အား သဲအိတ်များဖို့ခြင်းနှင့် ကာရံထိန်းပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး





ကြံခင်း၊ ဇူလိုင် ၁၈ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ရွှေသာလျောင်းဘုရားနှင့်လဲဝါဘုန်းတော်ကြီးကျောင်း ကြားရှိ ရေကာတာ ရေစိမ့်ဝင်မှု့အား သဲအိတ်များဖို့ခြင်းနှင့် ကာရံထိန်းပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ယ​ေန ​နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။

အဆိုပါဆောင်ရွက်နေမှုကို ဟင်္သာတတပ်နယ်မှူး၊ အမှတ်(၅) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့က ​ေရကာတာရေစိမ့်ဝင်မှုအား သဲအိတ်များဖို့ခြင်း ၊ ကာရံထိန်းပိုးခြင်းလုပ်ငန်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်လူမှုရေးအသင်းအဖွဲ့များ ကွင်းဆင်းကြည့်ရှု့တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံအရာရှိတို့က ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ ဗိုလ်မှူးချုပ် ဇော်မြင့်ဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)