ရွှေတောင် ၊ ဇူလိုင် ၁၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းတွင် ( ပထမအကြိမ်) ဝါဆိုသင်္ကန်းကပ်လှူပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းတွင်ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ် ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာ အေးချမ်းဝင်းနှင့် ဝန်ထမ်းများ၊စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့်ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများက သံဃာတော်အရှင်သူမြတ်များထံမှ ( ၈) ပါးသီလခံယူဆောက်တည်ပြီး လှူဖွယ်ဝတ္ထုအစုစုနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment