ငါးသိုင်းချောင်း၊ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့တွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ရေဝင်ရောက်လာသော နေရာများဖြစ်သည့် ငဝန်ရပ်ကွက်နှင့်ရှေ့ဆောင်ရပ်ကွက်ရှိ ပြည်သူများ၏ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရူ့စစ်ဆေးကာ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက လိုက်လံ၍ ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးအပ်လှူဒါန်းသော အခြေခံစားသောက်ကုန်များအား ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးမှ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ငါးသိုင်းချောင်းမြိို့စခန်းမှူးဦးတင်လင်းထွဋ်၊မြို့မီးသတ်ဦးစီးဌာနမှ မီးသတ်လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ လိုက်လံ၍ ကြည့်ရှုစစ်ဆေးကာ အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။
Join - https://t.me/MyanmarNationalPost





No comments:
Post a Comment