ဘိုကလေး၊ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ တယ်ပင်(၂)ကျေးရွာတွင် ယမန်နေ့က လေပြင်းတိုက်ခတ်သဖြင့် အဆိုပါကျေးရွာနေ ဦးခင်မောင်ဝင်း၏ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်အား အိမ်ဘေးရှိ လုံးပတ်(၈)ပေ၊ အရှည်(၁၆)ပေရှိသော ကုက္ကိုလ်ပင် လဲကျ၍ အိမ်ပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ပြိုခဲ့သည့် အိမ်ထောင်စုအတွက် ယမန်နေ့ နေ့လယ်(၃)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှုဆောင်ရွက်ခဲ့သည်။
ထောက်ပံ့ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးအောင်မျိုးထွန်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အတူ အိမ်ပြိုမှုဖြစ်ပွားသည့် အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ ဘေးသင့်မိသားစုဝင်များအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး(၈၄၀၀)ကျပ်၊ စုစုပေါင်း(၁၀၈၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါရှိသည့် ပုံး(၁)ပုံးအား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဘေးသင့်သူမိသားစုထံ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment