ငါးသိုင်းချောင်းမြို့၊ တောင်ဝှေးထောက်ကျေးရွာတွင် သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်(၃)လုံးပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့၊ တောင်ဝှေးထောက်ကျေးရွာတွင် သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်(၃)လုံးပျက်စီး




ငါးသိုင်းချောင်း၊ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ သရက်ချောင်းအုပ်စု၊ တောင်ဝှေးထောက်ကျေးရွာတွင် ယမန်နေ့ညနေ(၂)နာရီ အချိန်ကရေကြီးမှုကြောင့် မြေသားနူးကာလုံးပတ် (၂၁)ပေခန့်ရှိ ကုက္ကိုလ်ပင်ပြိုလဲကျမှုကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ရွာသားများက အဆိုပါနေအိမ်များရှိ အိမ်ထောင်စုဝင်များအား ဝိုင်းဝန်းကူညီပြီး နီးစပ်ရာဆွေမျိုးသားချင်းများ၏ အိမ်ခြံအလွတ်များအတွင်း ယာယီပြောင်းရွှေ့နေရာချထားကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် စုစုပေါင်းနေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ပြီး လူအသက်အန္တရာယ်နှင့် အခြားထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)