ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်း ရေဝင်ဧရိယာများရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်း ရေဝင်ဧရိယာများရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်



ဟင်္သာတ၊ ဇူလိုင်လ ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည်  ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ယမန်နေ့ညနေပိုင်းက ရောက်ရှိလာခဲ့ပြီး ဧရာဝတီမြစ်ရေတိုးလာမှုနှင့် တာခိုင်ခံ့မှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများမှ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာအနီး ဖြတ်တာ(၁-ဂ)နှင့် ဖြတိတာ(၁-င) တာဝိုင်းအတွင်းသို့ ရေသွင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ်  လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မကျည်းတောကျေးရွာရှိ ဓမ္မလင်္ကာရဝါးတောကျောင်းတိုက်သို့ ရောက်ရှိလာခဲ့ပြီး ရေဘေးကြိုတင်ရွှေ့ပြောင်းသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် တစ်အိမ်ထောင်စုလျှင် ဆန်(၄)ပြည်၊ ဆီ(၁)ပိဿာ၊ ဆား(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးများအား အိမ်ထောင်စု(၁၇၆)စုစာအတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)