ဟိုပုံး ၊ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တုံခမ်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးအာလောကထံမှ ငါးပါးသီလနှင့် ဆရာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ဘုရားဂေါပကအဖွဲ့ အဖွဲ့ဝင် ဦးသန်းရွှေက ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ဂါထာရွတ်ဖတ်ပူဇော်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သန်းဋ္ဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တုံခမ်းကျောင်းတိုက်ဆရာတော် ဦးဥတ္တမထံမှ အနုမောဒနာတရားနာယူ ကြည်ညို၍ အလှူရှင်များမှ ဆက်ကပ်လှူဒါန်းသည့် ဝါဆိုသင်္ကန်းအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်းက ကုမုဒြာပဋ္ဌာန်း ရွတ်ပူဇော်အဖွဲ့အား အလှူငွေများပေးအပ်ပြီး ကုမုဒြာပဋ္ဌာန်းရွတ်ပူဇော်အဖွဲ့ ဦးလှမြင့်က နတ်၊ ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။ အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်၊ သံဃာတော်များက ဇူလိုင်လ(၂၁)ရက်နေ့မှ ဇူလိုင်လ(၂၅)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ
https://t.me/MyanmarNationalPost

No comments:
Post a Comment