ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထန်းလုံးချောင်းတာပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထန်းလုံးချောင်းတာပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး




ရွှေတောင်  ၊ ဇူလိုင်   ၂၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထန်းလုံးချောင်းတာပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊(ဆည်မြောင်း) ခရိုင်ဦးစီးမှူး ၊ခရိုင်လမ်းဦးစီးဌာန၊ 

ခရိုင်ဦးစီးမှူး၊ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ ၊မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊(ဆည်မြောင်း)မြို့နယ်ဦးစီးမှူးတို့လိုက်ပါ၍ ထန်းလုံးချောင်းတာ ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေ နှင့် ရေဘေးကယ်ဆယ်ရေးစခန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စု၊သာစည်ကုန်းကျေးရွာအုပ်စု၊မြို့မအုပ်စုတို့အားဆက်သွယ်ထားသော ထန်းလုံးချောင်းတာ ဧရာဝတီမြစ်ရေ မြင့်တက်၍ ယောဒေါင့်ကျေးရွာအနီး ထူးပေါက်ခဲ့မှုအပေါ် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအ​ခြေအနေ၊ ခြောက်လုံး​ပြွန် ရေထိန်းတံခါး ကြံ့ခိုင်မှု အခြေအနေနှင့် သဲအိတ်များချထားမှု အခြေအနေ ၊ထန်းလုံးချောင်းကျေးရွာနှင့်မြို့မကျေးရွာအကြား ထန်းလုံးချောင်းတာနှင့်မြို့မကျေးရွာသို့ ဆက်သွယ်ထားရှိသော ကံကျိုးကုန်းတာ ကျိုးပေါက်ခဲ့မှုအပေါ် ပြန်လည်ပြုပြင်ထားရှိမှု အခြေအနေ ၊ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက် ၊ရွှေမျက်မှန်ဘုရားဓမ္မာရုံ၊ကြာနီကန်ရပ်ကွက်၊ သာသနာ့ ဗိမ္မာန်ဓမ္မာရုံ၊ သရက်တောရပ်ကွက် ၊ရွှေဂူကြီးဘုရားဓမ္မာရုံတို့တွင် ရေဝင်ရောက်၍ ယာယီ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများ အတွက် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ     ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ ၊မြို့နယ် မိခင်နှင့်ကလေး မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ မှနေ့လယ်စာ ချက်ပြုတ်ကျွေးမွေးနေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ယွန်းတန်းရပ်ကွက် အတွင်းရှိယာယီ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများ အတွက် ခရိုင်ဆည်မြောင်းဦးစီးဌာနမှ အလှူငွေ ( ၂၀၀၀၀၀ိ/-)ကျပ်၊ကြာနီကန်ရပ်ကွက် အတွင်းရှိယာယီ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများ အတွက် မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ အလှူငွေ ( ၂၀၀၀၀၀ိ/-) ကျပ်၊သရက်တောရပ်ကွက် အတွင်းရှိယာယီ ပြောင်းရွေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများ အတွက်ခရိုင်လမ်းဦးစီးမှူးမှအလှူငွေ ( ၂၀၀၀၀၀ိ/-) ကျပ် တို့အားထမင်း/ ဟင်းချက်ပြုတ်ကျွေးမွေးရန်အတွက် ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

    အဆိုပါ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ   ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများလိုက်ပါကွင်းဆင်းခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)