ရွှေတောင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ




ရွှေတောင် ၊  ဇူလိုင်  ၂၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာတို့ပူးပေါင်းလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌဒေါ်နန်းမြအေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်က  ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား ကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့် က ထပ်ဆင့်အမှာစကား ပြောကြားပြီး  ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌမှ သင်တန်းသူတစ်ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

       အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊သင်တန်းသား/ သူများတက်ရောက်ခဲ့ပြီး သင်တန်းသား/ သူ ( ၂၀) ဦးတက်ရောက်၍ (၂၅-၇-၂၀၂၄)ရက်နေ့မှ (၂၉-၇-၂၀၂၄) ရက်နေ့အထိ ( ၅)ရက်တာကာလအတွင်း ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာခရင်(မ်)တို့ကို စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)