စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အစားအသောက်များနှင့် သက်တမ်းကုန်မုန့်များ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အစားအသောက်များနှင့် သက်တမ်းကုန်မုန့်များ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

 



မြို့သစ် ၊  ဇူလိုင် ၂၅


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့မစျေးကြီးအတွင်း ကုန်စုံဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာ၌ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက်များအပေါ် ပဲသွေး၊ ပဲပြား၊ မျှစ်၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်တို့အား ကြာရှည်အထားခံဆေးဝါးများနှင့် အရောင်တင်ဆီများ ဓာတုဆေးများ ထည့်သွင်းသုံးဆွဲရောင်းချခြင်း မရှိစေရန် ရှောင်တခင်စစ်ဆေးခဲ့သည်။


ထို့နောက် တာဝန်ရှိသူများက စားသုံးသူရေးရာဥပဒေနှင့်အညီ ထုတ်လုပ်ဖြန့်ချီထားသည့် အလှကုန်ပစ္စည်းများ‌ ရောင်းချရေး၊ စားသုံးသူပြည်သူများ၏ ကျန်းမာ‌ရေးနှင့်ကိုက်ညီပြီး FDA မှတရားဝင် ခွင့်ပြုထားသည့် အလှကုန်ပစ္စည်းများရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်များနှင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)