ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကျင်းပ





ပဲခူး၊ ဇူလိုင် ၅ 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးဒေသသို့ ဇွန်လအတွင်း ပြည်ပခရီးသွားအုပ်စုလိုက် (၇)ကြိမ် လာရောက်လည်ပတ်ခဲ့ပြီး အများစုမှာ ထိုင်းလူမျိုးများဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပခရီးသွားများအတွက် ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် စားသောက်ဆိုင်များ၊ ဟိုတယ်/တည်းခိုရိပ်သာများနှင့် ခရီးသွားကဏ္ဍမှ ဝန်ထမ်းများ၏ ဝန်ဆောင်မှု အရည်အသွေးမြင့်မားပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအတွက် သတင်းအချက်အလက်များပေးနိုင်ရေး နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားပြပွဲများတွင် တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဖြူးပေးနိုင်ရေး Bago Tourist Guide Map ကို အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာတို့နှင့် ထုတ်ဝေပေးထားပြီးဖြစ်ကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ပုံမှန်အစည်းအဝေးများ ပြုလုပ်သကဲ့သို့ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ ဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်ရှိပြီးခရီးသွားနေရာ များအား သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များ ကင်းစင်ရေး၊ အများသုံးသန့်စင်ခန်းများ အဆင့်အတန်းမှီ သန့်ရှင်းသပ်ရပ်စေရေးနှင့် အသန်စွမ်းများအတွက်လည်း အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးစဉ်တစ်လျှောက် စီမံဆောင်ရွက်ပေးထားရမှာဖြစ်ကြောင်းနှင့် ခရီးစဉ်သစ်များ ဖော်ထုတ်၍ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေချောမွေ့မှု၊ ဘေးန္တရာယ်ကင်းရှင်းမှု၊ စိတ်ကျေနပ်မှု စသည်တို့ကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီတာဝန်ခံက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဟိုတယ်လိုင်စင် သက်တမ်းတိုးခြင်း၊ ခရီးသွားလမ်းညွန်/ ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးခြင်း၊ ဟိုတယ်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း စသည့် လုပ်ငန်းစီမံချက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကိုလည်းကောင်း၊ တက်ရောက်လာသည့် ပညာရှင်များက ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အတွေ့အကြုံ ဖလှယ်ရှင်းလင်းပွဲများ ပြုလုပ်နိုင်ရေး အသီးသီး တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။


သက်ဖြိုးကြိုင်

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)