မင်းလှမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းခြင်းနှင့် ကလေးမိခင်များအား အာဟာရများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းခြင်းနှင့် ကလေးမိခင်များအား အာဟာရများထောက်ပံ့ပေးအပ်

 



အထက်မင်းလှ   ၊  ဇူလိုင်   ၄


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သွေးလှူဒါန်းခြင်း‌ကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံတွင်ဆောင်ရွက်ခဲ့သည်။


မင်းလှမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်သွေးလှူဒါန်းရာတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့မှအဖွဲ့ဝင်တစ်ဦးက သွေးလိုအပ်နေသည့်လူနာတစ်ဦးအတွက် လှူဒါန်းပေးခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များက သွေးလှူဒါန်းပေးသူအမျိုးသမီးရေးရာအဖွဲ့ဝင်အား ဖီးကြမ်းငှက်ပျော(၁)ဖီး၊ ကြက်ဥ(၁၀)လုံး၊ ကယ်လ်ဆမ်ကွေကာတစ်ပါကင်(၁)ထုပ်၊ အားဖြည့်အချိုရည်များ ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် ပြည်သူ့ဆေးရုံတွင် ကလေးမီးဖွားနေသူကလေးမိခင်(၂)ဦးအား တစ်ဦးလျှင် ဖီးကြမ်းငှက်ပျော(၁)ဖီး၊ ကြက်ဥ(၁၀)လုံး၊ ကယ်လ်ဆမ်ကွေကာတစ်ပါကင်(၁)ထုပ်တို့အား ထောက်ပံ့ပေးခဲ့ပြီး ကလေးမိခင်များအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


ဇာဇာ(အထက်မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)