မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရေကင်းများချထားမှုအခြေအနေနှင့် ရေဆိုးစုပ်ထုတ်နေမှုများအား လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရေကင်းများချထားမှုအခြေအနေနှင့် ရေဆိုးစုပ်ထုတ်နေမှုများအား လိုက်လံစစ်ဆေး



ချမ်းအေးသာစံ၊ ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ရေကင်းများချထားရှိမှုအခြေအနေနှင့်  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှိ ရေဆိုးစုပ်ထုတ်စက်ရုံများမှ ဧရာဝတီမြစ်အတွင်း စုပ်ထုတ်နေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြေသာစံ၊ မဟာအောင်မြေနှင့် အမရပူရစသည့်ခရိုင်များအတွင်းရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ရေကင်းများချထားရှိမှု အခြေအနေများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တာဝန်ရှိသူများက မြစ်ရေမြင့်တက်နေမှု၊ ရေကင်းများချထားမှုနှင့် ကဏ္ဍများအလိုက်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မျှော်မှန်းမရသည့် သဘာဝဘေးများကြုံတွေ့လာပါက ဆုံးရှုံးမှုနှင့်ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှနည်းအောင်နှင့်ဖြစ်ပေါ်လာသည့် အခြေအနေပေါ်မူတည်၍ အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးကူညီပံ့ပိုးပေးနိုင်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်တို့ကိုမှာကြားပြီးနောက် လိုအပ်သည်များကို  သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရခရိုင်အတွင်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေဆိုးစုပ်ထုတ်စက်ရုံအမှတ်(၂)(ရွှေခဲ)သို့ရောက်ရှိပြီး ဧရာဝတီမြစ်အတွင်းသို့ စုပ်ထုတ်နေမှုများကိုကြည့်ရှုရာ စည်ပင်သာယာရေးဝန်ကြီးနှင့်တာဝန်ရှိသူများက မိုးတွင်းကာလတွင် ရပ်ကွက်များအတွင်း ရေဝပ်ရေလျှံဖြစ်ပေါ်မှုများ လျော့နည်းရေးအတွက် ရေဆိုးစုပ်ထုတ်စက်ရုံ ၉ ခုမှ စုပ်ထုတ်ပေးမှုအခြေအနေနှင့် စက်များကြံ့ခိုင်မှုရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ထွန်းထွန်းနိုင်

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)