ပြည်မြို့၌ သဘာဝဘေးအန္တရာယ် (ငလျင်) ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ သဘာဝဘေးအန္တရာယ် (ငလျင်) ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပဆောင်ရွက်



ပြည် ၊  ဇူလိုင်  ၇


ငလျင်ဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာဗဟုသုတများကို ဒေသတွင်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ပြည်ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်(ငလျင်)ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပဆောင်ရွက်သည်။


အဆိုပါဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ၌ မီးသတ်သမားတစ်ဦး၏ စွမ်းဆောင်ရည် (Brave Heart)စွမ်းရည်ပြသခြင်း၊ ငလျင်လှုပ်၍ အဆောက်အဦ ပြိုကျပျက်စီးပြီး ပိမိနေသောလူနာအား ကယ်ထုတ်ခြင်း၊ ဒုတိယထပ်တွင်ပိမိနေသော အဆောက်အအုံအတွင်းရှိ ဒုက္ခသည်များအား ကယ်ဆယ်ခြင်း၊ ဒုတိယထပ်တွင်ပိမိနေသူအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှကယ်ထုတ်ခြင်း၊ တတိယထပ်တွင် အကြောက်လွန်နေသူအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှကယ်ထုတ်ခြင်း၊ အပေါ်ဆုံးထပ်ရှိ သတိမေ့နေသူအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ထုတ်ခြင်းနှင့်(EMS)အဖွဲ့၏ အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအားသရုပ်ပြခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြသည်။


ထိုသို့ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရာသို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( ပြည်)မှ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးနေလင်းခိုင်နှင့် အရာရှိများ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ခရိုင်အတွင်းရှိ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ စုစုပေါင်း (၆၅)ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ကိုစိုး(ပြည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)