ရွှေတောင်မြို့နယ်၊ ကြို့ကုန်းဘိုးဘွားရိပ်သာတွင်အထူးစုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၊ ကြို့ကုန်းဘိုးဘွားရိပ်သာတွင်အထူးစုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်


ရွှေတောင်  ၊ ဇူလိုင်  ၇


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ ဘိုးဘွားရိပ်သာ အတွင်းတွင် ယနေ့နံနက်ပိုင်းကအထူး စုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။

   အဆိုပါ အထူးစုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များများ ပါဝင်သည့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၀၅) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး ပေါင်းမြက်များ၊ ချုံနွယ်များနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းကြပြီး ထွက်ရှိလာသာ အမှိုက်များကို စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)