ကြံခင်းမြို့နယ်၌ ရာဇမုနိ ဆုတောင်းပြည့်စေတီတော်မြတ် ရွှေထီးတော်အထွဋ်တင်လှူပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်၌ ရာဇမုနိ ဆုတောင်းပြည့်စေတီတော်မြတ် ရွှေထီးတော်အထွဋ်တင်လှူပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်








ကြံခင်း၊ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအုပ်စု၊ ဗုဒ္ဓ တစ်ထောင်အကောက်တောင်သာသနာ့မြေပေါ်တွင် ရာဇမုနိ ဆုတောင်းပြည့်စေတီတော်မြတ် ရွှေထီး တော်အထွဋ်တင်လှူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး  မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ရွှေညောင်ပင် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယမ ထံမှ ကြွရောက်လာသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်လာကြသော သံဃာတော်အရှင်သူများက အန္တရာယ်ကင်း ပရိတ်တရားတော်များချီးမြှင့်ကြပြီး ထီးတော်နှင့် ဘုံအဆင့် ဆင့်အား ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကြကာ ထီးတော်၊ စိန်ဖူး နှင့် ဘုံဆင့်ဆင့်အား တာဝန်ရှိသူများက ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ်လှည့်လည်ပူဇော်ကာ စေတီတော်အထွဋ် အထိပ်သို့ ဆက်လက်ပင့်ဆောင် တင်လှူပူဇော်ကြသည်။ ၎င်းနောက် ထီးတော်၊ စိန်ဖူးနှင့် ဘုံဆင့်ဆင့်ကို ပရိတ်  နံ့သာရည်များဖြင့် ပက်ဖျန်းကြကာ ထီးတော်တင်လှူခြင်း အထိမ်းအမှတ် ရတနာ၊ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကြပြီး သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ကြသည်။ ယင်းနောက် မေတ္တာရှင် သာသနာ့ဗိမာန်တော်ကြီး၌ ပင့်သံဃာအရှင်သူမြတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းကြပြီး စေတီတော်မြတ်ကြီးအတွက် လှူဒါန်းငွေများကို တာဝန်ရှိသူများက လက်ခံရယူကြကာ ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဘဒ္ဒန္တဇောတိဿရ(ပိန္နဲကွင်းဆရာတော်)ထံမှ ရေစက်ချ အနုမောဒနတရား နာယူပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေသွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

ဆက်လက်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များအား မြန်အောင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ ရွှေထီးတော်ထင်လှူပွဲအခမ်းအနားသို့ မြန်အောင်မြို့နယ်၊ ကြံခင်း မြို့နယ်၊ အင်္ဂပူမြို့နယ်များရှိ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)